Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား  ၁၈ ဦး ဖမ်းဆီးခံရ
DVB
·
September 29, 2023

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ ထနဘူရီမြို့နယ်ထဲမှာ ထိုင်းရဲတပ်ဖွဲ့က ကီလိုကျော်တင်ဆောင်လာတဲ့ ကား ၂ စီးကို တားဆီးစစ်ဆေးခဲ့ရာမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၈ ဦးနဲ့ ထိုင်းနိုင်ငံသား ယာဥ်မောင်းတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို-CIB က စက်တင်ဘာ ၂၈ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၇ ရက်ညက ရန်းစစ်-နခွန်နယော့ခ်လမ်းမကြီးပေါ်က ရန်းစစ်ကျေးရွာနားမှာ လုံခြုံရေးတာဝန်ဆောင်ရွက်နေစဥ်အတွင်း တရားမဝင်မြန်မာနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံသား ယာဉ်မောင်း မစ္စတာနတ်သဝပ်ကို စစ်ဆေးရာမှာတော့ နိုင်ငံခြားသားတွေကို အလုပ်လုပ်ရမဲ့ နေရာဆီ ခေါ်ဆောင်ပေးရမယ်လို့ ထွက်ဆိုခဲ့ပြီး ယာဥ်မောင်းခ ဘယ်လောက်ရတယ်ဆိုတာတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံ ကရင်ပြည်နယ်ဘက်ကနေ နယ်စပ်တောလမ်းမှတဆင့် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဝမ်ကျောက်ရွာကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ပွဲစားခအဖြစ် ထိုင်းဘတ်ငွေ ၁၅,၀၀၀ ကို အလုပ်လုပ်ကိုင်ပြီး ၂ ကြိမ် ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေမှာ နိုင်ငံကူးလက်မှတ်အပါအဝင် ထိုင်းနိုင်ငံတွင်း နေထိုင်သွားလာ အလုပ်လုပ်ခွင့် စာရွက်စာတမ်းတစုံတရာ မတွေ့ရတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး ထိုင်းယာဥ်မောင်းကိုလည်း တရားစွဲဆိုသွားဖို့ နယ်မြေခံရဲစခန်းကိုပို့ဆောင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024