DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကျောင်းက ကျောင်းသား ၄၀၀၀၀ ကျော် ကေအန်ယူ KECD ကျောင်း၌ ပြောင်းရွှေ့ ပညာသင်
DVB
·
September 29, 2023
စစ်ကောင်စီကျောင်းက ကျောင်းသား ၄၀၀၀၀ ကျော် ကေအန်ယူ KECD ကျောင်း၌ ပြောင်းရွှေ့ ပညာသင်
Donate to DVB

ကေအန်ယူ နယ်မြေရှိ  စစ်ကောင်စီလက်အောက်ခံ အခြေခံပညာစာသင်ကျောင်းပေါင်း ၃၇၀ ကျော် လုံးဝပိတ်သိမ်းခဲ့ရတာကြောင့် ကျောင်းသားကျောင်းသူ ၄၀,၀၀၀ ကျော် ကေအန်ယူပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) စာသင်ကျောင်းတွေမှာ ပြောင်းရွှေ့ ပညာသင်ကြားနေတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကေအန်ယူနယ်မြေအတွင်း စစ်ကောင်စီ ပညာရေးဌာနအောက်က ပညာရေးဝန်ထမ်းတွေ အာဏာဖီဆန် CDM ပြုလုပ်တာတွေကြောင့် စာသင်ကျောင်းတွေ  ပိတ်ထားခဲ့ရပါတယ်။

ဒါ့အပြင် နယ်မြေမတည်ငြိမ်မှုတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စာသင် ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရတဲ့အပြင် စစ်ကောင်စီက ထောက်ပံ့မှုတွေ မရှိတော့လို့ စာသင် ကျောင်း ၃၇၀ ကျော် လုံးဝပိတ်သိမ်းခဲ့ရပါတယ်။

ကျောင်းသားကျောင်းသူတွေဟာ ပညာဆက်လက်သင်ယူနိုင်ဖို့ ကေအန်ယူပညာရေးနှင့် ယဉ် ကျေးမှုဌာနလက်အောက်က စာသင်ကျောင်းတွေကို  ပြောင်းရွှေ့ပညာသင်ကြားခဲ့ရပါတယ်။

ကရင်ကျောင်းဆရာများအလုပ်အဖွဲ့ (KTWG) လက်ထောက်ညွှန်ကြားရေးမှူး စောကိုလိုထူးက "၂၀၂၂-၂၀၂၃ ပညာသင်နှစ်က ကျောင်း ၃၇၀  ကျောင်းသားတွေအားလုံးက ပြန်လာတက်တယ်။ အခက်အခဲက အများကြီးရှိတယ်။ ပြန်လာတာများတော့ ကျေင်းသားများလေလေ အထောက်အပံ့ အကူအညီတွေ လိုအပ်လေပဲ" လို့ ပြောပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ပညာရေးဌာနကနေ ကျောင်းသား ကျောင်းသူ ၄၀,၀၀၀ ကျော်ဟာ KECD အောက်က စာသင်ကျောင်းတွေမှာ တက်ရောက်ပညာသင်းကြားနေတာကြောင့် သင်ကြားရေးစွမ်းရည်ပြည့်ဝတဲ့ ဆရာ ဆရာမ ၂,၀၀၀ ကျော်နဲ့ သင်ထောက်ကူပစ္စည်းတွေလည်း လိုအပ်နေပါတယ်။

ဒါ့အပြင် သင်ကြားရေးအပိုင်းမှာလည်း ကရင်၊ မြန်မာ၊ အင်္ဂလိပ် ဘာသာအပြင် အခြေခံပညာကျောင်းတွေက သင်ရိုးညွှန်းတမ်းနည်းတူ သင်ကြားပေးနေတာပါ။

ကေအန်ယူ နယ်မြေအတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြောင့် ကျောင်းသား ကျောင်းသူတွေဟာ စာသင်ကြားရာမှာ လုံခြုံမှုမရှိတဲ့အပြင် စိုးရိမ်ကြောက်လန့်နေရတယ်လို့ KECD အထက်တန်းကျောင်းရဲ့ ကျောင်းကော်မတီတာဝန်ရှိသူက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ကေအန်ယူပညာရေးနှင့်ယဉ်ကျေးမှုဌာန လက်အောက်မှာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က စာသင်ကျောင်းပေါင်း ၁၁၀၀ ကျော်ရှိခဲ့ရာက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းပေါင်း ၁၅၀၀ နီးပါး တိုးချဲ့ဖွင့်လှစ်ခဲ့ရပါတယ်။

အခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူ ၁၂၀,၀၀၀ ကျော် တက် ရောက်ပညာသင်ကြားနေပြီး ဆရာ ဆရာမ ၈,၀၀၀ နီးပါးက သင်ကြားပေးနေတယ်လို့ ကေအန်ယူပညာရေးနှင့် ယဉ်ကျေးမှုဌာန တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013