DVB Logo
Home
နိုင်ငံတကာ
မဏိပူရပြည်နယ်၌ ကျောင်းသား ၂ ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ဆန္ဒပြ
DVB
·
September 28, 2023
မဏိပူရပြည်နယ်၌ ကျောင်းသား ၂ ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ဆန္ဒပြ
Donate to DVB

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ မဏိပူရပြည်နယ်မှာ ပျောက်ဆုံးနေတဲ့ ကျောင်းသားနှစ်ယောက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၇ ရက်က ဆန္ဒပြသူတွေကို အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက်က ဆိုရှယ်မီဒီယာ ပလက်ဖောင်းတခုပေါ်မှာ ကျောင်းသားတွေရဲ့ အလောင်းတွေပါတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်ခဲ့ပြီးတဲ့နောက် မြို့တော် အင်ဖာမှာ လူရာချီက သတ်ဖြတ်ခံရမှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူစုမခွဲမီ ဆန္ဒပြသူတွေက ပြည်နယ်ဝန်ကြီးချုပ်ရဲ့ နေအိမ်ဆီ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အကြမ်းဖက်မှုတွေကို တားဆီးဖို့ မြို့တော်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

အခုလအစောပိုင်းကလည်း အိန္ဒိယနိုင်ငံထဲက မငြိမ်မသက်ဖြစ်နေတဲ့ ပြည်နယ်ထဲမှာ လူ ၅၀၀ လောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေသုံးပြီး ပစ်ခတ်လူစုခွဲခဲ့ရာမှာ လူတဦးသေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့ပါတယ်။

မဏိပူရပြည်နယ်ဟာ မေလကတည်းက လူမျိုးရေးအကြမ်းဖက်တွေ ပြင်းထန်ခဲ့ပြီး လူ ၁၈၀ ထက်မနည်း သေဆုံးခဲ့ကာ ထောင်နဲ့ချီတဲ့လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

မေတေနဲ့ ကွတ်ကီး တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းတွေက စီးပွားရေးအကျိုးအမြတ်နဲ့ ခွဲတမ်းတွေ ခွဲဝေယူခြင်းအတွက် အငြင်းပွားပြီး တိုက်ပွဲတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013