DVB Logo
Home
အားကစား
တစ်နှစ်ကို ပေါင်သန်း ၄၀ တန် ဂျာစီရင်ဘတ်စပွန်ဆာသစ် ချဲလ်ဆီးရရှိ
DVB
·
September 28, 2023
တစ်နှစ်ကို ပေါင်သန်း ၄၀ တန် ဂျာစီရင်ဘတ်စပွန်ဆာသစ် ချဲလ်ဆီးရရှိ
Donate to DVB

ချဲလ်ဆီးအသင်းဟာ တစ်နှစ်ကို ပေါင်သန်း ၄၀ တန်ကြေးရှိတဲ့ ဂျာစီရင်ဘတ် စပွန်ဆာအသစ် ရရှိခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ရာသီသစ် စတင်ကတည်းက ရင်ဘတ်စပွန်ဆာ မပါဝင်ဘဲ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ရတာပါ။

အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့  Infinite Athlete ဟာ ချဲလ်ဆီးအသင်းကို တစ်နှစ် ပေါင်သန်း ၄၀ စပွန်ဆာ ပေးအပ်သွားဖို့ရှိပြီး စာချုပ်သက်တမ်း အသေးစိတ်ကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။

Infinite Athlete ဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ချဲလ်ဆီးအသင်းကိုလည်း အချက်အလက်ပိုင်းဆိုင်ရာကိစ္စ တွေကို ပံ့ပိုးကူညီပေးသွားမှာပါ။

ချဲလ်ဆီးအသင်းဟာ အဲဒီဂျာစီရင်ဘတ်စပွန်ဆာသစ်ကို ဖူဟမ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ စတင်ဝတ်ဆင်ဖို့ရှိပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013