DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းမှ ကုန်ပစ္စည်းရောင်းချသူများ အောက်တိုဘာ ၂ ရက်ကစပြီး မှတ်ပုံတင်နိုင်
DVB
·
September 26, 2023
အွန်လိုင်းမှ ကုန်ပစ္စည်းရောင်းချသူများ အောက်တိုဘာ ၂ ရက်ကစပြီး မှတ်ပုံတင်နိုင်
Donate to DVB

အွန်လိုင်းကနေ ကုန်ပစ္စည်းရောင်းချ၊ ဝန်ဆောင်မှုပေးသူတွေအနေနဲ့ လာမဲ့ အောက်တိုဘာ ၂ ရက်ကစပြီး အွန်လိုင်းကနေ မှတ်ပုံတင်နိုင်ပြီလို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကဆီက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့က မှတ်ပုံတင်လျှောက်ထားတဲ့စနစ် မိတ်ဆက်ပွဲနဲ့ အသိပညာပေးပွဲကို မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်လာတာပါ။

ပြီးခဲ့တဲ့ ဇူလိုင် တတိယပတ်မှာ အွန်လိုင်းကနေ ကုန်ပစ္စည်းရောင်းချ၊ ဝန်ဆောင်မှု ပေးသူတွေ မှတ်ပုံတင်ရမယ်ဆိုတဲ့ အမိန့်တခုကို ထုတ်ပြီးနောက် ဥပဒေပေါင်း ၃၀ လောက်နဲ့ ဆက်စပ်ရေးဆွဲထားတဲ့ အီလက်ထရောနစ်နည်းလမ်းနဲ့ ကူးသန်း ရောင်းဝယ်ခြင်း လမ်းညွှန် (e-Commerce Guidelines) ကို စက်တင်ဘာလမှာ ထုတ်ပြန်ထားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း e-Commerce လုပ်ငန်းလုပ်ကိုင်မယ့်သူ အားလုံးဟာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲတဲ့ သတ်မှတ်ထားတဲ့ မှတ်ပုံတင်စနစ်မှာ မှတ်ပုံတင်ရမှာဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် သတ်မှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာရမယ်လို့ ဆိုပါတယ်။

မှတ်ပုံတင်လက်မှတ်လျှောက်ထားလိုသူတွေကတော့ ရုံး၊ ဌာနတွေကို လူကိုယ်တိုင် သွားဖို့မလိုဘဲ www.ecomreg.gov.mm ကနေ အွန်လိုင်းစနစ်နဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့မှာ စတင်လျှောက်ထားနိုင်ပါတယ်။

အွန်လိုင်းကနေ အရောင်းအဝယ်၊ ဝန်ဆောင်မှု လုပ်ကိုင်သူတွေအနေနဲ့ ငွေပေးချေမှုဆိုင်ရာ မှတ်တမ်းတွေကို အနည်းဆုံး ၃ နှစ် ထိန်းသိမ်းထားရမှာဖြစ်ပြီး အသုံးပြုသူတွေက တောင်းခံလာရင် အခမဲ့ပေးရမှာဖြစ်သလို အရောင်းအဝယ်ဆိုင်ရာ အချက်အလက်တွေကိုလည်း အနည်းဆုံး ၃ နှစ် ထိန်းသိမ်းထားရမှာဖြစ်ပြီး တရားရုံး ဒါမှမဟုတ် အာဏာပိုင် အဖွဲ့အစည်းတွေက တောင်းခံလာရင်ပေးရမယ်လို့ e-Commerce  လမ်းညွှန်မှာ သတ်မှတ်ထားပါတယ်။

အွန်လိုင်းကနေ ကုန်ပစ္စည်းတွေရောင်းတာ၊ ဝန်ဆောင်မှုပေးတာတွေကို မှတ်ပုံတင်ခိုင်းဖို့အတွက် အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက ဆွေးနွေးစီစဉ်ခဲ့တာဖြစ်ပြီး e-Commerce လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လမ်းညွှန်ချက်တွေထုတ်ဖို့ ဆွေးနွေးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013