DVB Logo
Home
မြန်မာသတင်း
ဒလမြို့မရဲစခန်းမှ အချုပ်သား ၆ ဦး အချုပ်ခန်းဖောက် ထွက်ပြေး
DVB
·
September 26, 2023
ဒလမြို့မရဲစခန်းမှ အချုပ်သား ၆ ဦး အချုပ်ခန်းဖောက် ထွက်ပြေး
Donate to DVB

ရန်ကုန်၊ ဒလမြို့မရဲစခန်းမှာ စက်တင်ဘာ ၂၆ ရက် ဒီနေ့မနက် ၅ နာရီက အချုပ်ခန်းခေါင်မိုးကို ဖောက်ပြီး ထွက်ပြေးသွားတဲ့ အချုပ်သား ၆ ဦးကို လက်ရှိအခြေအနေအထိ ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၅ နာရီက ဒလမြို့မရဲစခန်းရှိ အချုပ်ခန်းခေါင်မိုးကို အချုပ်သား ၆ ဦးက ဖောက်ပြီး ထွက်ပြေးသွားတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ခေါင်မိုးက သွပ်တွေကိုခွာပြီး ထွက်ပြေးသွားတာလို့ ကြားတယ်။ မနက်ကတည်းက စစ်နေတာ အခုချိန်ထိပဲ၊ အိမ်စီးကားတွေပါ စစ်တာ။”

အချုပ်သား ၆ ဦး ထွက်ပြေးသွားတဲ့အတွက် ရဲဝန်ထမ်းတချို့လည်း စစ်ဆေးခံနေရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ကို တာဝန်ယူထားတဲ့ ရဲတွေ အစစ်ခံနေရတယ်။ စစ်တပ်က လိုက်ရှာပေးနေတယ်။ အခုထိ မမိသေးဘူး။”

ထွက်ပြေးလွတ်မြောက်သွားသူတွေဟာ လုယက်မှု၊ မူးယစ်ဆေးဝါးအမှု စတဲ့ ပြစ်မှုတွေနဲ့ ဖမ်းဆီးခံထားရသူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေအထိ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ဒလမြို့ပေါ်နဲ့ ဒလ-တွံတေး အဝင်အထွက် နေရာတွေမှာ အိမ်စီးကားတွေနဲ့ ခရီးသည်တင်ယာဥ်တွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013