DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ
DVB
·
September 26, 2023
မိုးကုတ်တွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေထွက်ကြီးကျေးရွာက စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာ ၂၆ ရက် မနက် ၅ နာရီဝန်းကျင်က သွားရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တလက်၊ ပစ္စတိုတလက်နဲ့ 5.56 ကျည်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ မိုးကုတ်အခြေပြု တပ်ရင်းတွေကနေ သိရပါတယ်။

ရေထွက်ကြီးကျေးရွာ စစ်ကောင်စီတပ်စခန်းက စစ်သားတွေကို မနက် ၅ နာရီ ၁၅ မိနစ်ကနေ ၆ နာရီခွဲအထိ တနာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မိုးကုတ် PDF တာဝန်ရှိ ရဲဘော်တဦးက ပြောပါတယ်။

“စစ်သားတွေက ဒီရွာထဲကို ခဏခဏလာတယ်။ သူတို့နေတဲ့ စခန်းကို ဝင်ပစ်တာပါ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ သေဆုံးသူတွေရှိပေမဲ့ အတိအကျတော့ အတည်မပြုနိုင်သေးပါဘူး။”

မိုးကုတ်မြို့ ရေထွက်ကြီးကျေးရွာက စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ရင်းတွေဖြစ်တဲ့ ၁၂၂၁၊ ၁၂၂၃၊ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာန (NUG ပြည်သူ့ရဲတပ်ဖွဲ့) နဲ့ TNLA တို့ ပူးပေါင်းပြီး မိုးလုံးမှိုင်းစစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့တာလို့ မိုးကုတ်အခြေပြု တပ်ရင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

မိုးကုတ် ကျပ်ပြင်ရပ်ကွက်နေ ဒေသခံတဦးက “မနက်အစောကြီး ပစ်ခတ်သံ ကြားရတာပဲ။ ရေထွက်ကြီးက မြို့နဲ့ နည်းနည်းလှမ်းတယ်။ မြို့ထဲမှာတော့ ပစ်ခတ်တာမရှိပါဘူး။ ရေထွက်ကြီးမှာပဲ ဖြစ်တယ်လို့ ကြားရတာ” လို့ ပြောပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းကနေ ပစ်ခတ်သံတွေ ကြားခဲ့ရတာကြောင့် အနောက်ပိုင်းက ဆိုင်တချို့ ပိတ်ထားပေမဲ့ ပြည်သူတွေ အသွားအလာမပြတ် ရှိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013