DVB Logo
Home
နိုင်ငံတကာ
စူပါဘောလ်ပြိုင်ပွဲဗိုလ်လုပွဲတွင်   ဂရမ်မီဆုရအဆိုတော် အာရှာ ဖျော်ဖြေမည်
DVB
·
September 26, 2023
စူပါဘောလ်ပြိုင်ပွဲဗိုလ်လုပွဲတွင်   ဂရမ်မီဆုရအဆိုတော် အာရှာ ဖျော်ဖြေမည်
Donate to DVB

၅၈ ကြိမ်မြောက် စူပါဘောလ်ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲရဲ့ တစ်ဝက်ဖျော်ဖြေမှုမှာ ဂရမ်မီဆုရအနုပညာရှင် အာရှာ အနေနဲ့ ဦးဆောင်ဖျော်ဖြေသွားမှာဖြစ်တယ်လို့ စက်တင်ဘာလ ၂၄ ရက်မှာ သက်ဆိုင်ရာအဖွဲ့တွေက အတည်ပြုပါတယ်။

နီးဗားဒါးပြည်နယ်၊ လက်စ်ဗီးဂတ်စ်မြို့က အလီးဂျန့် အားကစားကွင်းကြီးမှာ အမေရိကန် ဘောလုံးလိဂ် (NFL)ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။

လာမယ့်နှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကျင်းပမယ့် ဒီဗိုလ်လုပွဲစဉ်နဲ့ ပတ်သက်ပြီး အာရှာက "ရည်မှန်းချက်ထဲမှာ ပါဝင်တဲ့ စူပါဘောလ် ဖျော်ဖြေခွင့်အတွက် နောက်ဆုံးပြည့်မြောက်ပြီမို့ ဘဝတစ်သက်စာ ဂုဏ်ယူမိပါတယ်၊ အရင်ကတွေ့ခဲ့ဖူးတဲ့ အရာတွေနဲ့ မတူညီတဲ့ ဖျော်ဖြေပွဲတစ်ခုကို ကမ္ဘာကြီးမှာ ချပြခွင့်ရဖို့အတွက် မစောင့်နိုင်တော့ပါဘူး"လို့ သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

၁၉၉၄ ခုနှစ်တုန်းက အာရှာရဲ့  ပွဲဦးထွက်အယ်လ်ဘမ် ထွက်ရှိခဲ့ပြီးနောက် ကမ္ဘာတဝန်းမှာ အခွေပေါင်း သန်း ၈၀ ကျော်အထိ ရောင်းချနိုင်ခဲ့တဲ့အပြင် လူကြိုက်အများဆုံး သီချင်းစာရင်းတွေရဲ့ ထိပ်ဆုံးနေရာကိုပါ သိမ်းပိုက်နိုင်ခဲ့ပါ တယ်။ 

ဂီတလောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုအဖြစ်သတ်မှတ်ထားတဲ့ ဂရမ်မီဆုကိုပါ အာရှာက ၈ ဆုအထိ ရယူနိုင်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့နှစ် စူပါဘောလ်ပြိုင်ပွဲရဲ့ ပွဲချိန်တစ်ဝက်ရှိုးမှာတော့  R&B ကြယ်ပွင့် ရီးဟားနား အနေနဲ့ အဓိက ဖျော်ဖြေခဲ့ရာမှာ သမိုင်းတလျှောက် ကြည်ရှုမှု အများဆုံးဖြစ်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက မှတ်ချက်ပေးပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013