DVB Logo
Home
မြန်မာသတင်း
ပလမြို့တွင် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
DVB
·
September 24, 2023
ပလမြို့တွင် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့မှာ စက်တင်ဘာ ၂၂ ရက်နေ့ ညပိုင်းက ဒေသခံပြည်သူ ၁၀ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီး ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ဖမ်းဆီးခံရတာက အရပ်သား ၁၀ ယောက် ကျော်ပြီ။ ဖမ်းဆီးခံရတာက ပုံမှန်လူတန်းစားတွေပါပဲ။ သူတို့ဘာသာ အေးဆေး လုပ်စားနေကြတာ။ ဘာကြောင့်ဖမ်းတာလဲ ဆိုတာ မသိရသေးပါဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ ပလမြို့၊ အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြို့ခံတယောက်ကတော့ “အခုလိုမျိုး အရပ်သားတွေဖမ်းဆီးတာဟာ သူတို့ ငွေလိုချင်လို့ ဖြစ်မယ်။ အရင်ကလည်း အရပ်သားတွေကို အကြောင်းပြချက်မရှိဘဲနဲ့ ဖမ်းတယ်။ ပြီးတော့ ပိုက်ဆံနဲ့ ပြန်လာထုတ်ခိုင်းတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်” လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေသခံ အရေအတွက်အတိအကျနဲ့ ဘာကြောင့်ဖမ်းဆီးလဲဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးဘဲ စုံစမ်းနေတုန်းဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို စစ်ကောင်စီက ပလမြို့ရဲစခန်းမှာ ထိန်းသိမ်းထားပြီး လက်ရှိအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရဘူးလို့ သိရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013