DVB Logo
Home
မြန်မာသတင်း
ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးစီး
DVB
·
September 24, 2023
ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးစီး
Donate to DVB

တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ချင်းပြည်ကောင်စီ ဖွဲ့စည်းရေး စတာတွေအတွက် ဆွေးနွေးနိုင်ခဲ့ပြီး ညီလာခံအတွက် အရှိန်အဟုန်နဲ့ ပြင်ဆင်နေတယ်လို့ ညီလာခံကျင်းပရေး အလုပ်ကော်မတီက စက်တင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်ကောင်စီ အကြိုမျက်နှာစုံညီအစည်းအဝေးကို စက်တင်ဘာ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ နယ်စပ်တနေရာမှာ အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ ချင်းပြည်ကောင်စီ ညီလာခံကျင်းပရေး အလုပ်ကော်မတီ (Working Committee for Chinland Council Conference- WCCCC) က ဆိုပါတယ်။

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ ချင်းပြည်ကောင်စီ ဖွဲ့စည်းရေး၊ ချင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ် အကောင်အထည် ဖော်နိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြတာပါ။

WCCCC တာဝန်ရှိသူ ဒေါက်တာငိုင်းတမ်မောင်းက “မြေပြင်မှာ အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ မြို့နယ်ဒေသအလိုက် အဖွဲ့အစည်းတွေပေါ့။ ချင်းကာကွယ်ရေး တပ်ဖွဲ့တွေ၊ ချင်းအမျိုးသားတပ်ဦး CNF၊ တော်လှန်ရေးမှာ ပါဝင်တဲ့အဖွဲ့ အစည်းတွေထဲက ၁၀၈ ယောက် တတ်ရောက်ပြီးမှ အကြိုညှိနှိုင်း အစည်းအဝေးကနေ working ကော်မတီဖွဲ့စည်းခဲ့တာပါ” လို့ ပြောပါတယ်။

WCCC က တော်လှန်ရေးကာလ ချင်းပြည်ကော်မတီဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ကိုလည်း ရေးဆွဲခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါက်တာငိုင်းတမ်မောင်းက “အရင်ကလုပ်ဆောင်ခဲ့တယ့် ဥပဒေမူကြမ်းတွေလည်း ရှိခဲ့တော့ အခု အစည်းအဝေးမှာတော့ ဥပဒေမူကြမ်းကို ရေးဆွဲနိုင်တယ်။ အဲဒီမူကြမ်းကို မိမိတို့သက်ဆိုင်ရာ မြို့နယ်ဒေသတွေကို ယူဆောင်သွားတယ်။ ဟိုမှာကျန်ခဲ့တဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေနဲ့ သုံးသပ်ပြီး နောက်တခေါက်အစည်းအဝေးမှာ သူတို့ပြန်ယူခဲ့တဲ့ အကြံပြုချက်တွေ၊ ပြုပြင်မှုတွေကို ညှိနှိုင်းလုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်ကောင်စီ အကြိုမျက်နှာစုံညီအစည်းအဝေးမှာ ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်နဲ့ ဒေသအခြေပြေအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တတ်ရောက်ခဲ့ကြပါတယ်။

အခု အစည်းအဝေးကို မတတ်ရောက်နိုင်ခဲ့တဲ့ အဖွဲ့အစည်း ၂ ခုကိုလည်း ညှိနှိုင်းအရေးအဖွဲ့ ဖွဲ့စည်းပြီး နောက်အစည်းအဝေးမှာ ပါလာနိုင်ဖို့ ကြိုးစားပြီး ချင်းပြည်အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

အစည်းအဝေးကို ဖလမ်းမြို့နယ်ထဲက တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) နဲ့ တီးတိန်မြို့နယ်ထဲက တော်လှန်ရေး အဖွဲ့အစည်း တခုဖြစ်တယ့် ဇိုမီးဖက်ဒရယ်ယူနီယံ (ZFU) က ကိုယ်စားလှယ်တွေ မတတ်ရောက်ဘူးလို့ ချင်းအခြေစိုက်မီဒီယာ The Chin Journal မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013