DVB Logo
Home
အားကစား
အင်္ဂလန်ကစားသမား လင်ဂတ်  ဆော်ဒီတွင် တစ်လကြာ လေ့ကျင့်မည်
DVB
·
September 24, 2023
အင်္ဂလန်ကစားသမား လင်ဂတ်  ဆော်ဒီတွင် တစ်လကြာ လေ့ကျင့်မည်
Donate to DVB

အင်္ဂလန်ကစားသမား လင်ဂတ်ဟာ ဆော်ဒီကလပ် အယ်လ်အက်တီဖက်အသင်းမှာ တစ်လကြာ လေ့ကျင့်မှုတွေပြုလုပ်တော့မှာပါ။

နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာ လေ့ကျင့်ရေးဆင်းခဲ့ပါသေးတယ်။

အဲဒီအချိန်တွေအတွင်းမှာ အသင်းသစ်ရှာမရခဲ့တဲ့ လင်ဂတ်ဟာ လက်ရှိအချိန်မှာတော့ နည်းပြဂျရတ် ကိုင်တွယ်နေတဲ့ အယ်လ်အက်တီဖက်အသင်းမှာ တစ်လကြာ လေ့ကျင့်ခန်းဆင်းဖို့ သဘောတူညီချက် ရခဲ့တာပါ။

အသက် ၃၀ နှစ်ရှိ လင်ဂတ်ဟာ အင်္ဂလန်လက်ရွေးစင်အတွက် ၃၂ ပွဲကစားခဲ့သူဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝအများစုကို မန်ယူအသင်းမှာကုန်ဆုံးခဲ့သူပါ။

အယ်လ်အက်တီဖက် အသင်းမှာ အင်္ဂလန်အသင်းဖော်ဟောင်း ဟန်ဒါဆန်လည်း ကစားနေပြီး လင်ဂတ်နဲ့ ပြန်လည်တွေ့ဆုံမှာပါ။

လင်ဂတ်ဟာ ဆော်ဒီလိဂ်အသင်းတစ်သင်းဆီ ပြောင်းရွှေ့ကစားဖို့လည်း ဆန္ဒရှိနေပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013