
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘိုချန်နဲ့ပွဲစဉ်မှာ ဟတ်ထရစ် သုံးဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး လီဗာကူဆင်နဲ့ပွဲမှာ နိုင်ပွဲ ပျောက်ခဲ့တာကို အဆုံးသတ်နိုင်ခဲ့တာပါ။
အင်္ဂလန်အသင်းခေါင်းဆောင်ကိန်းဟာ ပင်နယ်တီတစ်ဂိုးအပါအဝင် ပွဲချိန် ၁၃ မိနစ်၊ ၅၄ မိနစ်နဲ့ ၈၈ မိနစ်တွေမှာ ဟတ်ထရစ်သုံးဂိုးရရှိခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာ ပထမဆုံး အကြိမ်တစ်ပွဲတည်းနဲ့ သုံးဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဂိုးဖန်တီးမှု နှစ်ကြိမ်လည်း ရရှိခဲ့တဲ့ ဟယ်ရီကိန်းဟာ ဘိုင်ယန်နဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ ၈ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု လေးကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။
ကိန်းဟာ ဘွန်ဒက်စ်လီဂါ အဖွင့် ၅ ပွဲမှာ ၇ ဂိုးသွင်းခဲ့ပြီး ဂတ်ဒ်မူလာ၊ ကလိုဆေးနဲ့ မန်ဇူကစ်တို့ရဲ့ စံချိန်တွေကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။
Photo-Reuters










