DVB Logo
Home
နိုင်ငံတကာ
ပါရီမြို့တွင်  Apple စတိုးဆိုင် အလုပ်သမားများ ဆန္ဒပြ  
DVB
·
September 23, 2023
ပါရီမြို့တွင်  Apple စတိုးဆိုင် အလုပ်သမားများ ဆန္ဒပြ  
Donate to DVB

ပြင်သစ်နိုင်ငံရှိ Apple စတိုးဆိုင်တွေက အလုပ်သမားတွေဟာ စက်တင်ဘာ ၂၂ ရက်က iPhone 15 မိတ်ဆက်ပွဲနေ့နဲ့  တိုက်ဆိုင်အောင် ရည်ရွယ်ပြီးတော့ လုပ်ခလစာနဲ့ လုပ်ငန်းခွင် အခြေအနေတွေအတွက် တနိုင်ငံလုံး ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံ မြို့တော် ပါရီရှိ Apple စတိုးရဲ့ အော်ပရာဆိုင်ခွဲ အပြင်ဘက်မှာ ဝန်ထမ်း အယောက် ၃၀ လောက်က ဆန္ဒပြနေကြတာဖြစ်ပြီး သူတို့နဲ့ မီတာအနည်းငယ်လောက် အကွာအဝေးမှာ ဆိုင်ထဲကိုဝင်လာဖို့ မိုးရေထဲမှာ စောင့်နေတဲ့ ဖောက်သည် ၄၀ လောက်ရှိနေတာပါ။ 

ဆန္ဒပြတဲ့ ရည်မှန်းချက်က iPhone 15 ရောင်းအားကို ပိတ်ဆို့ဖို့ လုံးဝမဟုတ်ဘဲ ဝန်ထမ်းတွေရဲ့ ဒီအခြေအနေတွေကို မီးမောင်းထိုးပြဖို့ပါလို့ အသက် ၅၄ နှစ်အရွယ်  အလုပ်သမားအဖွဲ့ချုပ် (CGT) သမဂ္ဂကိုယ်စားလှယ် တာရက်ခ်က ပြောပါတယ်။

အလုပ်သမားအဖွဲ့ချုပ် (CGT)၊ ဖယ်ဒရယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အလုပ်သမားသမဂ္ဂများ (Unsa) နဲ့ ပြင်သစ် အလုပ်သမား ဒီမိုကရက်တစ် အဖွဲ့ချုပ် (CFDT) အပါအဝင် Apple အလုပ်သမားသမဂ္ဂတွေဟာ စက်တင်ဘာ ၂၃ ရက်မှာ သပိတ်မှောက်ဖို့ စီစဉ်ထားပါတယ်။

ငွေကြေးဖောင်းပွမှုအတွက် လျော်ကြေးပေးဖို့ ၇ ရာခိုင်နှုန်း လုပ်ခတိုးမြှင့်ပေးဖို့နဲ့ လအတန်ကြာ အလုပ်ခန့်ထားမှုကို ရပ်တန့်ထားတာကိုလည်း အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီး စီမံခန့်ခွဲမှု အပိုင်းကတော့ ၄ ဒသမ ၅ ရာခိုင်နှုန်းထက် ပိုတိုးတောင်းတာကို မလိုလားကြောင်း သမဂ္ဂအရာရှိတွေက ပြောပါတယ်။

စပိန်၊ အင်္ဂလန်၊ အမေရိကန်တို့မှာလည်း အလားတူပြဿနာတွေ ရှိတယ်ဆိုတာ သိရှိကြောင်းနဲ့ သူတို့က သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြောဆိုဖို့ ခက်တဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ ဆက်သွယ်မှုတွေအားလုံးကို မျှဝေပေးမယ့် 'Apple Together' လို့ခေါ်တဲ့ ဝဘ်ဆိုဒ်တခုကနေ စတိုးဆိုင်တွေရဲ့ လုပ်ငန်းဆောင်တာ အတွင်းပိုင်းအခြေအနေတွေကို မျှဝေကြကြောင်း CFDT သမဂ္ဂကိုယ်စားလှယ် အာလ်ဘင် ဗိုလ်ဖှောင်း က ပြောပါတယ်။

အခုလအစောပိုင်းမှာ iPhone 12 မော်ဒယ်ကို ဓာတ်ရောင်ခြည်ပါဝင်နှုန်း မြင့်မားလွန်းနေမှုအတွက် ရောင်းချမှုကို ရပ်တန့်ဖို့ ဖိအားပေးခံခဲ့ရပြီးနောက်မှာ ပြင်သစ်ရှိ နည်းပညာကုမ္ပဏီကြီးအတွက် နောက်ဆုံး ခေါင်းခဲစရာ ကိစ္စတခုဖြစ်လာပါတယ်။

Apple ကတော့ ပြင်သစ် ဓာတ်ရောင်ခြည်စောင့်ကြည့်ရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ငြင်းဆိုထားပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013