DVB Logo
Home
မြန်မာသတင်း
စက်တင်ဘာလဝက်အတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀ ခု ထပ်တိုး
DVB
·
September 22, 2023
စက်တင်ဘာလဝက်အတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀ ခု ထပ်တိုး
Donate to DVB

စစ်ကောင်စီက စက်တင်ဘာလရဲ့ လဝက်တာကာလအတွင်းမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ထပ်တိုးခွင့်ပြုပေးခဲ့တယ်လို့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအရေအတွက်မှာ ၄၈၀ နီးပါးရှိလာပြီး သြဂုတ်လအတွင်း အေဂျင်စီအသစ် ၁၂ ခု ထပ်တိုးဖွင့်လှစ်ခဲ့သလို စက်တင်ဘာလမှာလည်း နောက်ထပ် ၁၀ ခု ထပ်တိုးလာတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနစာရင်းမှာ ဖော်ပြထားပါတယ်။

စစ်အာဏာမသိမ်းခင်က ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအရေအတွက် ၃၀၀ လောက်သာရှိခဲ့ပြီး အာဏာသိမ်းပြီးတဲ့နောက်မှာ တရှိန်ထိုးဖွင့်လှစ်လာတာလို့ အေဂျင်စီလုပ်ငန်းအသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီကိုယ်စားလှယ်တဦးက "အေဂျင်စီအသစ်တွေ ဘာလို့ ဒီလောက် တိုးလာနေတာလဲဆိုတာ နားလည်ရခက်တယ်။ ပြည်ပအလုပ်အကိုင် စျေးကွ က်ကြီးက အရမ်းကောင်းနေလို့ဆိုလည်းတမျိုး။ အခုစျေးကွက်က သာမန်ပဲ အေဂျင်စီတွေသာ တိုးလာနေတာ" လို့ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီအသစ်တွေ ဖောင်းကြွနေတာကို စိစစ်ပြီး အမှန်တကယ် လုပ်ကိုင်နိုင်မယ့်သူတွေကိုသာ ခွင့်ပြုမယ်လို့ ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့ပေမယ့် နောက်ထပ်အေဂျင်စီအသစ်တွေ ဆက်တိုးလာနေတာဖြစ်ပါတယ်။

အသစ်ဝင်ရောက်လာတဲ့ အေဂျင်စီတွေထဲက တချို့ဟာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေ ဖြစ်တယ်ဆိုပြီးတော့လည်း အဲဒီလုပ်ငန်းလောကထဲ သတင်းတွေ ထွက်နေပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီ လိုင်စင်လျှောက်ထားသူတွေအနေနဲ့ အာမခံငွေ ကျပ်သိန်း ၂၀၀ အပြင် မန်နေဂျင်းဒါရိုက်တာ တဦးတည်းအမည်နဲ့ ဘဏ်မှာ ကျပ်သိန်း ၁ ထောင် စုဆောင်းထားရှိကြောင်း သက်သေပြရမှာဖြစ်သလို လစဥ်ငွေရှိနေမှုအခြေအနေ တင်ပြရမယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ခြောက်လပြည့်ပြီးရင် ဘဏ်ကနေထုတ်ပြီး လှည့်လည်သုံးစွဲခွင့်ရှိပေမယ့် လိုင်စင်သက်တမ်းတိုးလျှောက်ရာမှာ ဘဏ်ထဲ ကျပ်သိန်း ၁ ထောင်ရှိတဲ့ အချက်အလက် ပြန်ပြရမယ်လို့ သတ်မှတ်ထားပါ​တယ်။

ဒါ့အပြင် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ နိူင်ငံအလိုက် နှစ်စဥ်အနည်းဆုံးပို့ရမယ့် အလုပ်သမားစာရင်းကိုလည်း လိုင်စင်စည်းကမ်းချက်မှာ ထည့်သွင်းထားပါတယ်။

အဲဒီစည်းကမ်းချက်မှာ နိူင်ငံအလိုက်လုပ်သားပို့မယ့် အေဂျင်စီတခုချင်းအလိုက် တနှစ်ကိုအနည်းဆုံး ထိုင်းကိုအယောက် ၁၅၀၊ မလေးရှားကို ၄၀၊ ဂျော်ဒန်ကို ၂၅ ဦး၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ မကာအိုကို ၁၀ ဦးစီနဲ့ ဂျပန်ကို ၆ ဦး ပို့ပေးနိူင်ရမယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013