DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာကန်တွင် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ကျင်းပမည်
DVB
·
September 20, 2023
မိတ္ထီလာကန်တွင် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ကျင်းပမည်
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ မိတ္ထီလာကန်တော်မှာ ဖောင်တော်ဦးစေတီတော်ရဲ့ အကြိမ် ၁၄၀ မြောက် ဗုဒ္ဓပူဇနိယပွဲတော်နဲ့ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက်မှာ ကျင်းပသွားမယ်လို့ လှေပြိုင်ပွဲကျင်းပရေးကော်မတီက ပြောပါတယ်။

လောင်းလှေပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက်ကနေ ၂၉ ရက် (တော်သလင်းလဆန်း ၈ ရက်မှ တော်သလင်းလပြည့်နေ့) အထိ ၈ ရက်ကြာ ကျင်းပမှာဖြစ်ပြီး အကြီးတန်း‌လှေပြိုင်ပွဲနဲ့ အငယ်တန်း‌လှေပြိုင်ပွဲလို့ ခွဲခြားထားပါတယ်။

မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်မှာ တော်သလင်းလဟာ လှေပြိုင်ပွဲ ကျင်းပတဲ့လဖြစ်ပြီး ပြိုင်ပွဲဝင်မယ့် လောင်းလှေတွေကို ရှေးယခင်က နှစ်တာရှည်ခံတဲ့ ကျွန်းသစ်လုံးကို ထွင်းကာ ပြုလုပ်ရတာဖြစ်ပေမဲ့ သစ်ဈေးကြီးလာတာကြောင့် သရက်၊ ပိတောက်သားတွေနဲ့ စပ်လှေအဖြစ် ပြုလုပ်လာရပါတယ်။

ပွဲကျင်းပရေးကော်မတီဝင်တဦးက “မိတ္ထီလာကန်တော်က အနော်ရထာမင်း မတိုင်ခင်ကတည်းက တည်ရှိခဲ့တာပါ။ ‌ဖောင်တော်ဦးစေတီ အကြိမ် ၁၄၀ မြောက်မှာ လောင်းလှေပွဲလည်း ထည့်ထားတာ။ နှစ်တိုင်းလိုလိုတော့ တွဲရက်ပါပဲ။ တချို့နှစ်တွေကျ မလုပ်နိုင်တဲ့နှစ်တွေလည်း ရှိခဲ့တယ်။ ဒီနယ်ခံတွေပဲတော့ ပြိုင်တာမဟုတ်ပါဘူး။ မြင်းခြံဘက်ကလည်း ပါကြတယ်။ အရင်ပွဲတွေတုန်းက နွားစမ်းတောင်၊ အင်းပက်လက်၊ လူးခင်းကြီးဘက်ကလည်း လှေအသင်းတွေ ပါကြတယ်” လို့ ပြောပါတယ်။

၂၀၂၃ လှေပြိုင်ပွဲကျင်းပရေးကော်မတီကို လှေပြိုင်အဖွဲ့ပေါင်း ၂၀ အထိ စာရင်းပေးထားပြီး အသင်းတွေကို မဲနှိုက်ကာ ပွဲစီစဉ်မှာလို့ သိရပါတယ်။

လောင်းလှေပြိုင်ပွဲမှာ အနိုင်ရရှိမယ့် အကြီးတန်းပြိုင်ပွဲဆုတွေအနေနဲ့ ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၃ သိန်း၊ တတိယဆု ကျပ် ၂ သိန်းဖြစ်ပြီး အငယ်တန်းပြိုင်ပွဲမှာ ပထမဆု ၃ သိန်း၊ ဒုတိယဆု ၂ သိန်း၊ တတိယဆု ကျပ် ၁ သိန်းတို့ ဖြစ်ပါတယ်။

မိတ္ထီလာကန်ရှိ ရှေးဟောင်းစေတီတဆူဖြစ်တဲ့ ဖောင်တော်ဦးစေတီရဲ့ အကြိမ် ၁၄၀ မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တော်သလင်းလဆန်း ၈ ရက်ကနေ လပြည့်ကျော် ၂ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013