DVB Logo
Home
နိုင်ငံတကာ
ထိုင်းပင်လယ်ကွေ့တွင် မျောလှေးများကြောင့် ငါးများသေဆုံး ပင်လယ်ရေအစိမ်းရောင်ပြောင်း
DVB
·
September 20, 2023
ထိုင်းပင်လယ်ကွေ့တွင် မျောလှေးများကြောင့် ငါးများသေဆုံး ပင်လယ်ရေအစိမ်းရောင်ပြောင်း
Donate to DVB

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်အတွင်း ထိုင်းပင်လယ်ကွေ့မှာ မျောလှေးတွေ အဆမတန်ပွားများနေလို့ ပင်လယ်ရေဟာ သိပ်သည်းချွဲကျိ၊ မြက်စော်နံ နေတဲ့အပြင် ငါးတွေလည်း သေဆုံးကုန်ကာ ပင်လယ်ရေတွေ အစိမ်းရောင် ပြောင်းနေပါတယ်။

သက်ရှိ မျောလှေးတွေဟာ ငါးတွေနဲ့ ဝေလငါးတွေရဲ့ အစာဖြစ်ပေမဲ့ ပမာဏများလာရင်တော့ အဆိပ်သင့်စေနိုင်ပါတယ်။

ဒါ့အပြင် သမုဒ္ဒရာရေထဲမှာ အောက်စီဂျင်ပြတ်လပ်စေတဲ့အတွက် ငါးတွေ အခွံမာ ရေသတ္တဝါတွေနဲ့ တခြား ရေသတ္တဝါတွေကို သေဆုံးစေနိုင်လို့ ငါးလုပ်ငန်းနဲ့ သဘာဝ အစာကွင်းဆက်ကို ပရမ်းပတာ ဖြစ်စေနိုင်ပါတယ်။

ချွန်ဘူရီ ကမ်းရိုးတန်းမှာ သုတေသနအတွက် ရေနမူနာ လာယူတဲ့ အဏ္ဏဝါသိပ္ပံ ပညာရှင် တာနာပွန် ဖိုးခွာနစ်က “မွေးကတည်းက ခုထိ ဒီလောက်များတဲ့ မျောလှေးတွေကို မြင်ဖူးတာ ဒါ ပထမဆုံးပါပဲ။  ဒီနှစ်မှာ အခြေအနေ အလွန်ဆိုးရွားတဲ့ အဓိပ္ပာယ်ပဲ”လို့ ပြောပါတယ်။

လက်ရှိမှာ မျောလှေးတွေ ပြန့်ပွားနေတဲ့ နေရာက ထိုင်းပင်လယ်ကွေ့ အပေါ်ပိုင်း လေးပုံတပုံထိ ကျယ်ပြန့်တယ်လို့ တာနာပွန်နဲ့ သူ့အဖွဲ့က ခန့်မှန်းပါတယ်။

မျောလှေးတွေဟာ ရေထဲက အဟာရတွေ အကုန်စားသုံးပြီး အလင်းရောင် မရတဲ့အခါ သေဆုံးမှာဖြစ်ပြီး ရုပ်ကြွင်းတွေက ပင်လယ်ကြမ်းပြင်ဆီ နစ်မြုပ်ပြီး ဆွေးမြည့်သွားမှာပါလို့ တာနာပွန်က ပြောပါတယ်။

အခုတော့ ကမ်းရိုးတန်းက ယောက်သွားမွေးမြူရေးလုပ်ငန်း ၂၆၀ ကျော်ရဲ့ ၈၀ ရာခိုင်နှုန်းဟာ မျောလှေးတွေရဲ့ ဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရပြီလို့ ချွန်ဘူရီငါးလုပ်ငန်းအသင်း အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ချွန်ဘူရီခရိုင်ဟာ နှစ်စဉ် အမေရိကန် ဒေါ်လာ တသန်းနဲ့ ညီမျှတဲ့ ယောက်သွား ပေါင်ချိန် ၄ ဒသမ ၆သန်း ထုတ်လုပ်တယ်လို့  ၂၀၂၁ ငါးလုပ်ငန်းဌာန သတင်းအချက်အလက်တွေက ပြထားပါတယ်။

ကမ္ဘာတဝန်း ပင်လယ်ရေစီးကြောင်း အပူလှိုင်းတွေဟာ ဒီနှစ်ထဲမှာ စိုးရိမ်စရာ တိုးလာနေပါတယ်။ ပင်လယ်ရေ အပူချိန် မြင့်လာတဲ့ ရလဒ် အနေနဲ့ ရေညှိုတွေဟာ ဗြိတိန်ကမ်းရိုးတန်းတလျှောက် ပွားလာမယ်လို့ ပညာရှင်တွေက သတိပေးထားပြီး အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ကမ်းခြေတွေမှာလည်း ထောင်ချီတဲ့ ငါးသေတွေ သောင်တင် လာခဲ့ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013