DVB Logo
Home
မြန်မာသတင်း
ငွေလဲလှယ် ကုမ္ပဏီ ၁၂၀ ကျော်ကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်း
DVB
·
September 20, 2023
ငွေလဲလှယ် ကုမ္ပဏီ ၁၂၀ ကျော်ကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်း
Donate to DVB

မြန်မာပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသုံးငွေ လဲလှယ်ခွင့်လိုင်စင်ရ ကုမ္ပဏီ Money Changer  ၁၂၃ ခုကို လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က စက်တင်ဘာ ၁၉ ရက်မှာ ကြေညာပါတယ်။

ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိလို့  မနေ့က ပြုလုပ်တဲ့ အမှုဆောင်ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်အရ ငွေလဲကုမ္ပဏီတွေရဲ့  နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင် (Money Changer License) ကို ပိတ်သိမ်းလိုက်တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဗဟိုဘဏ်နဲ့ နီးစပ်တဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတဦးက "ပြဿနာက ဒီလအတွင်းအ တော်ကြီးတာ။ ဘဏ်အရာရှိတွေလည်း ခေါ်ပြီး စစ်ဆေးခံနေရတယ်။ ဒေါ်လာကိစ္စနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုး အဖမ်းခံရပြီးနောက် ထွက်လာတဲ့ စစ်ဆေးချက်အရ လိုင်စင်ရုပ်သိမ်းလိုက်တာ ဖြစ်တယ်။ စျေးကွက်အတွင်း ၁ ဒေါ်လာကို ကျပ် ၄၀၀၀ အထိမြင့်တက်လာရာက နိုင်ငံခြားငွေလဲ ကုမ္ပဏီတွေကို ပိတ်သိမ်းရတဲ့အထိ စစ်တပ်က လုပ်လာတာဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်လာစျေးမြင့်တက်လို့  နိုင်ငံခြားငွေဈေးကစားတယ်ဆိုပြီး ငွေလဲကုမ္ပဏီတွေရဲ နိုင်ငံခြားငွေတွေ ဝယ်ယူ ရောင်းချလဲလှယ်ခွင့်လိုင်စင် (Money Changer License) ကို ပိတ်သိမ်းတာလို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ငွေလဲလုပ်ငန်းရှင်တဦးက "တပ်နဲ့ ပတ်သက်တဲ့  စီးပွားရေးသမားတွေက ဗဟိုဘဏ်ကနေ    တဒေါ်လာကို ကျပ် ၂၁၀၀ ဈေးနဲ့ ထုတ်တယ်။ အပြင်မှာ နိုင်ငံခြားငွေလဲ လုပ်ငန်းတွေကို ကျပ် ၃၃၀၀ နဲ့ ပြန်သွင်းတယ်။ အခုဖြစ်တော့ တပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေရော မပတ်သက်တဲ့ လုပ်ငန်းတွေပါရောပြီး လိုင်စင်အသိမ်းခံရတယ်"လို့ ရှင်းပြပါတယ်။

ကုမ္ပဏီ လိုင်စင်တွေ ပိတ်သိမ်းပြီးနောက် ဗဟိုဘဏ်မှာ ဒေါ်လာ ၂၁၀၀ စျေးရှိပြီး လက်ရှိ ပြင်ပဒေါ်လာစျေးကွက်မှာ  ၃၅၀၀ နဲ့ ၃၆၀၀ ကြား ပေါက်စျေးရှိနေတယ် ဒေါ်လာရောင်းဝယ် နေသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013