
အင်္ဂလန်အသင်းဖော် မက်ဂွဲယားဟာ မလိုလားအပ်တဲ့ စောင့်ကြည့်မှုတွေ ခံနေရသူ ဖြစ်တယ်လို့ တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောသွားပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မက်ဂွဲယားရဲ့ အခြေအနေနဲ့ပတ်သက်လို့ ဟယ်ရီကိန်းက ကာကွယ် ပြောပေးခဲ့တာပါ။
မက်ဂွဲယားဟာ ဒဏ်ရာအခြေအနေကြောင့် မြူးနစ်ကို လိုက်ပါသွားတဲ့ အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရလို့ ဟယ်ရီကိန်းနဲ့ ထိပ်တိုက်တွေ့ဆုံတော့မှာ မဟုတ်ပါဘူး။
မက်ဂွဲယားဟာ မလိုလားအပ်တဲ့ စောင့်ကြည့်မှုတွေခံနေရပြီး ပြီးခဲ့တဲ့ အချိန်တွေအတွင်းက အသင်းရဲ့ အခြေအနေနဲ့ပတ်သက်လို့ ကြားဝင်ခံရတဲ့သူလို ဖြစ်လာကြောင်းလည်း ကိန်းက ပြောပါတယ်။
မက်ဂွဲယားဟာ အင်္ဂလန်အသင်းသမိုင်းမှာ အကောင်းဆုံးနောက်ခံလူတယောက် ဖြစ်သလို မိတ်ဆွေသူငယ်ချင်းကောင်း တယောက်လည်းဖြစ်ကြောင်း ဟယ်ရီကိန်းက ပြောသွားပါတယ်။
Photo-Reuters










