DVB Logo
Home
မြန်မာသတင်း
ဂေါ်ဖီထုပ်အဝယ်မရှိဘဲ စျေးကျနေ
DVB
·
September 19, 2023
ဂေါ်ဖီထုပ်အဝယ်မရှိဘဲ စျေးကျနေ
Donate to DVB

မြဝတီ-အာရှလမ်းမကြီး ပြန်ဖွင့်ပေမဲ့ ဂေါ်ဖီထုပ် ခေါ် မုန်လာထုပ် အဝယ်မရှိတဲ့အတွက် စျေးကောင်းမရဘဲ တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ဂေါ်ဖီစိုက်တောင်သူတွေက ပြောပါတယ်။

ဂေါ်ဖီထုပ်ခြံဖြတ်စျေးမှာ ၂ ပိဿာတထုပ်ကို ကျပ် ၈၀ သာရရှိနေပြီး အာရှလမ်းမကြီး ပျက်စီးစဥ်ကထက် ကျပ် ၂၀ စျေးကျသွားသလို တောင်သူတွေဟာ အဝယ်ပါမရှိတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

ပင်းတယရှိ ဂေါ်ဖီထုပ်စိုက် တောင်သူတဦးက “ဇူလိုင်က ဂေါ်ဖီထုပ်တထုပ်ကို ကျပ် ၇၀၀ အထိ ရခဲ့တယ်။ ရေတွေကြီးပြီး လမ်းတွေပြိုလို့ ဂေါ်ဖီကားတွေ အဝယ်မရှိတော့ ကျပ် ၁၀၀ နားကို ကျသွားတယ်။ အခု အဝယ်ပါမရှိတော့ဘူး။ အာရှလမ်း ပြန်ဖွင့်တာတောင် စျေးမရတဲ့ အပြင်ကို ခြံဖြတ်ဝယ်မယ့်သူပါ မရှိတော့ စိတ်ညစ်တယ်ဗျာ။ စိုက်ပျိုးရေးစရိတ်တွေ အများကြီးကုန်ထားပြီး အရှုံးပဲပေါ်နေတော့ အလုပ်မလုပ်ချင်တော့ဘူး” လို့ ပြောပါတယ်။

ဂေါ်ဖီထုပ် ခြံဖြတ်ဝယ်လက်မရှိတာ၊ စျေးကောင်းမရတာ၊ မြေသြဇာစျေး၊ ပေါင်းသတ်ဆေး၊ မျိုးစျေးနဲ့ လုပ်သားစျေးတို့ တက်လာခဲ့တာကြောင့် ဂေါ်ဖီထုပ်စိုက်တောင်သူ ​ထက်ဝက်လောက်က မစိုက်ပျိုးတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ဂေါ်ဖီထုပ်အဝယ်မရှိတဲ့အတွက် တောင်သူ​တွေဟာ ဂေါ်ဖီထုပ်ကို ခြံဖြတ်လှူနေကြသလို လိမ္မောခြံ မြေသြဇာအဖြစ်လည်း သုံးကြနေကြတယ်လို့ နောင်တရားရှိ ဂေါ်ဖီထုပ်စိုက် တောင်သူတဦးက ပြောပါတယ်။

“ဂေါ်ဖီထုပ် အဝယ်မရှိသလို ခုတ်ရောင်းလည်း အလုပ်သမား၊ ပို့တဲ့စရိတ်တောင် ပြန်မရတော့ ကိုယ့်ဘာသာ ခုတ်ခစိုက်ပြီး ယူမယ့်သူကို လာတင်ခိုင်းလိုက်တယ်။ ပထမပတ်ကပဲ ပရဟိတကျောင်းတွေက နောင်တရားမှာ ဂေါ်ဖီတွေ လာတင်ကြတယ်။ ခြံထဲမှာလည်း ကြိုက်တဲ့သူ လာခူးစား ပေးခူးစားထားတယ်။ ဘယ်သူမှမစားလို့ ပုပ်ခါနီးဟာဆို လိမ္မော်ခြံအပင်တွေရဲ့ အောက်ခြေပုံပြီး မြေသြဇာလုပ်ရတယ်။ ဒီနှစ် ဂေါ်ဖီထုပ်က တော်တော်ကို အရှုံးပေါ်တာ။”

မြဝတီ-အာရှလမ်း ပြန်ဖွင့်နေပေမဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ခရီးလမ်းကြန့်ကြာတာနဲ့ မိုးတွင်းဖြစ်တာကြောင့် ကုန်ပစ္စည်းတွေပျက်စီးပြီး နယ်စပ်ဂိတ်တွေက မဝယ်တဲ့အတွက် ကုန်သည်တွေ အရှုံးပေါ်ပြီး အဝယ်မရှိတော့တာဖြစ်တယ်လို့ အောင်ပန်းရှိ ကုန်စိမ်းဒိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

ဂေါ်ဖီထုပ်ကို ရှမ်းပြည်တောင်ပိုင်းမြို့တွေဖြစ်တဲ့ ပင်းတယ၊ ကလော(ဟဲဟိုး)၊ ပင်လောင်း (နောင်တရား၊ တီကျစ်) နဲ့ အောင်ပန်းမြို့နယ်တို့မှာ အများဆုံး စိုက်ပျိုးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013