DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယားအစိုးရက ရွှေ့ပြောင်းအလုပ်သမားစင်တာများကို ထောက်ပံ့ငွေဖြတ် 
DVB
·
September 18, 2023
တောင်ကိုရီးယားအစိုးရက ရွှေ့ပြောင်းအလုပ်သမားစင်တာများကို ထောက်ပံ့ငွေဖြတ် 
Donate to DVB

တောင်ကိုရီးယားအစိုးရက လာမယ့်နှစ်ကစပြီး ရွှေ့ပြောင်းအလုပ်သမား ကူညီရေး စင်တာတွေအပေါ် ထောက်ပံ့ဘဏ္ဍာငွေ ဖြတ်တောက်မယ့် အစီအစဥ်ကြောင့် မြန်မာအလုပ်သမားတွေအပေါ် ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ NUG အစိုးရရဲ့ တောင်ကိုးရီးယားနိူင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။

တောင်ကိုရီးယားအစိုးရသစ်က ရွှေ့ပြောင်းအလုပ်သမားကူညီရေး စင်တာတွေအပေါ် နှစ်စဥ်ထောက်ပံ့ငွေကို ဖြတ်တောက်မယ့် ကြေညာချက်ကြောင့် အဲဒီစင်တာတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင် နိုင်ငံတကာဝန်ထမ်းတွေအနေနဲ့ အလုပ်လက်မဲ့ဖြစ်မယ့် အခြေအနေနဲ့ အရင်ဆုံးရင်ဆိုင်နေရတာပါ။

NUG အစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက "အဲဒီစင်တာတွေက ဘာသာပြန်အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့သူတွေ အလုပ်အကိုင်ဆုံးရူံးမယ့် အခြေအနေရှိမယ်။ ပြီးတော့ မြန်မာအလုပ်သမားတွေ အခက်အခဲဖြစ်ရင် သွားရောက် အကူအညီ တောင်းဆိုရမယ့် နေရာတွေမရှိတော့လို့ အဲဒီရိုက်ခက်မူကို ကြုံရဖို့ရှိနေတယ်" လို့ ပြောပါတယ်။

တောင်ကိုရီးယားအစိုးရက ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနိူင်ဖို့ ၂၀၀၄ ကတည်းက ထောက်ပံ့မှုအခြေအနေ ပြင်ဆင်ခဲ့ပြီး နှစ်စဥ် ဝမ် ၇ ဘီလီယံကနေ ၈ ဘီလီယံအထိ ဘဏ္ဍာငွေထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီထောက်ပံ့ငွေနဲ့ ပင်မစင်တာ ၉ ခု နဲ့ ဒေသအလိုက်စင်တာ ၃၅ ခုဖွင့်လှစ်ပြီး ကိုရီးယားနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံအလိုက် ဘာသာပြန်တွေခန့်ပြီး လည်ပတ်နေခဲ့တာလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ ကိုရီးယား ဝမ် ၁၄၀၀၀ ပဲ သုံးစွဲခွင့်ပြုမယ်ဆိုတာကြောင့် စင်တာအားလုံးနီး ပါးရပ်ဆိုင်းရမယ့် အခြေအနေဖြစ်သွားခဲ့ပြီး စင်တာတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာဝန်ထမ်းတွေ အခက်ခဲကြုံတွေ့လာစေမယ်လို့ ဦးရန်နိုင်ထွန်းက ဆိုပါတယ်။

ဒါပေမယ့် မြန်မာအလုပ်သမားတွေအနေနဲ့ကတော့ ကိုရီးယားအစိုးရဆီက အထောက်အပံ့ ရယူထားတာမရှိတဲ့ မြန်မာနိုင်ငံသားချင်း ဖွဲ့စည်းထားတဲ့ လူမှုဖူလုံကူညီရေးစင်တာကနေ အကူညီအတွေ ဆက်ယူနိုင်တဲ့ အခြေအနေရှိနေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားရောက် မြန်မာလုပ်သားတဦးက "အရင်က ဒီမြို့မှာ ပြဿနာရှိရင် ဒီမြို့က ကူညီရေးစင်တာသွားလို့ရတယ်။ အခုကတော့ အကူညီတောင်းရမယ့်နေရာ ရှားသွားမယ့် သဘောရှိတာပေါ့။ မြန်မာအလုပ်သမားချင်း ကူညီတဲ့ရုံးက နေရာတိုင်းမရှိဘူး" လို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိ မြန်မာလုပ်သား ၅၀,၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်နေပြီး မြန်မာနိုင်ငံကနေ လစဥ် လုပ်သား ရာချီသွားရောက်လုပ်ကိုင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013