DVB Logo
Home
မြန်မာသတင်း
ABSDF-UNRA စစ်ဦးစီးချုပ်ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီး နှိပ်စက်နေ
DVB
·
September 18, 2023
ABSDF-UNRA စစ်ဦးစီးချုပ်ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီး နှိပ်စက်နေ
Donate to DVB

လွတ်ရက်စေ့လို့ ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF၊ ပြည်ထောင်စုကာကွယ်ရေးတပ်မတော်-UNRA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခင်ကျော်ကို စရဖက ပြန်ဖမ်းပြီး နှိပ်စက်နေတယ်လို့ UNRA ဗဟိုကော်မတီက စက်တင်ဘာ ၁၇ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဗိုလ်ချုပ်ခင်ကျော်ကို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့-စရဖက မတရားဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်နေ့မှာ သထုံမြို့နယ်၊ စျေးမသွယ်ထောင်ကနေ လွတ်ရက်စေ့နဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ လွှတ်ပေးတဲ့နေ့မှာပဲ စရဖအဖွဲ့က ပြန်လည်ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် မင်္ဂလာဒုံမြို့နယ်၊ ရေကြည်အိုင် စစ်ကြောရေးမှာ ထပ်မံ ချုပ်နှောင် စစ်ဆေးနေတဲ့အတွက် ဗိုလ်ချုပ်ခင်ကျော်ရဲ့ကျန်းမာရေးက ဆိုးရွားနေတယ်လို့ ABSDF-UNRA ဗဟိုရုံးတာဝန်ခံ ရဲဘော်စောဖရယ်ဒီက ဒီဗွီဘီကို ပြောပါတယ်။

“ပြန်လည်လွတ်မြောက်လာပြီး သူတို့တွေ(စစ်ကောင်စီ)က စရဖနဲ့ပေါင်းပြီး လွတ်တဲ့နေ့မှာပဲ ခေါ်သွားတယ်။ ရေကြည်အိုင်စစ်ကြောရေးကိုပို့ပြီး ထပ်မံ စစ်ဆေးတာမျိုးတွေ လုပ်နေတယ်လို့ အတွင်းသတင်းအရ သိရပါတယ်။ ကျန်းမာရေးကလည်း စစ်ကြောရေးမှာ ဒူးခေါင်းထဲကို သံရိုက်ထည့်တာမျိုးတွေ၊ ရိုက်နှက်ခံရတာကြောင့် ကျန်းမာရေးကအတော်ဆိုးနေကြောင်း သတင်းရရှိပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဗိုလ်ချုပ်ခင်ကျော်ကိုဖမ်းဆီးထားခြင်းအပေါ် UNRA လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ရှုတ်ချပြီး ကျန်းမာရေးအခြေအနေအရ မတရားဖမ်းဆီးထားခြင်းကနေ အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်  ဗိုလ်ချုပ်ခင်ကျော်နဲ့သူငယ်ချင်း ၉ ယောက်တို့  တောခို စစ်ပညာသင်ပြီး ABSDF အမှတ် ၂၀၉ တပ်ရင်းကိုယ်စားလှယ်၊ ABSDF ဗဟို အတွင်းရေးမှူး၊ ကျောင်းသားတပ်မတော် စစ်ဦးစီးအရာရှိချုပ်၊ ကျောင်းသားတပ်မတော် ကွပ်ကဲမှုစစ်ကော်မရှင် အတွင်းရေးမှူး၊ ၂၀၁၄ မှာ ABSDF က ခွဲထွက်လို့ ပြည်ထောင်စု ကာကွယ်ရေးတပ်မတော်ကို တည်ထောင်ခဲ့ပြီး ဖမ်းဆီးခံရစဉ်အထိ UNRA ဦးစီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့တယ်လို့ စစ်ကောင်စီက ရိုက်ကူးခဲ့တဲ့ ဝါဒဖြန့်ဗွီဒီယိုမှာ ဗိုလ်ချုပ်ခင်ကျော်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်ခင်ကျော်နဲ့တပ်ဖွဲ့ကို လမ်းခရီးတခုမှာ စစ်ကောင်စီက ရိုက်နှက်၊ ညှဉ်းပန်းနှိပ်စက် မတရားဖမ်းဆီးသွားခဲ့ပြီးနောက် ပြည်သူလူထုနဲ့ မဟာမိတ်အဖွဲ့အစည်း အသီးသီးက အထင်လွဲမှားစေဖို့ ဗွီဒီယိုတပုဒ်ကို ရိုက်ကူး ဝါဒဖြန့်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013