Home
မြန်မာသတင်း
ပုလောတွင် ၂ ရက်အတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်ပြီး စစ်သား ၅ ဦးသေ
DVB
·
September 17, 2023
379447250_149736848196831_4537013760840238986_n

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာမှာ ၂ ရက်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ၇ ကြိမ်ဖြစ်ခဲ့ပြီး စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က လက္ကူးကျေးရွာကို အင်အား ၇၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့မှာလည်း လက္ကူးကျေးရွာမှာ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ အနီးကပ်ထိတွေ့တိုက်ပွဲ ၂ ကြိမ် ထပ်ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဝင်ရဲဘော်တယောက်က “၁၅ ရက်နေ့မှာ စစ်ကြောင်းထိုးလာပြီး ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စကစ တပ်သားတွေကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ၁၆ ရက်နေ့မှာ အနီးကပ်တိုက်ပွဲ ၂ ကြိမ်ထပ်ဖြစ်တယ်။ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာ စကစ ဘက်က ရေတပ် စစ်သင်္ဘောတွေနဲ့ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းကနေ လက်နက်ကြီးတွေ ရာနဲ့ချီ လှမ်းပစ်တာတွေရှိတယ်။ စကစ ဘက်က ၁၆ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ပြန်ဆုတ်သွားတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၅ ယောက်ရှိပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော်တယောက်ဟာ စိုးရိမ်ရတဲ့

အဲဒီတိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်း၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့၊ ပုလောစစ်ကြောင်း-၁ နဲ့ ဒေသတွင်း တော်လှန်ရေး မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024