DVB Logo
Home
အားကစား
ဂျပန်ကြက်တောင်မယ်ကို သက်ထားသူဇာအနိုင်ရ
DVB
·
September 16, 2023
ဂျပန်ကြက်တောင်မယ်ကို သက်ထားသူဇာအနိုင်ရ
Donate to DVB

ဗီယက်နမ်နိုင်ငံ၊ ဟိုမင်းမြို့မှာ ကျင်းပတဲ့ ဗီယက်နမ်အိုးပင်းကြက်တောင်ပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာဟာ ဂျပန်ကြက်တောင်မယ် ရှီအိုရီဆိုင်တို ၂ ပွဲပြတ်နဲ့အနိုင်ယူပြီး နောက်တဆင့်တက်ရောက်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၅၀ ရှိတဲ့သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၁၀၅ ရှိတဲ့ ဂျပန်ကြက်တောင်မယ်ကို ၂၁-၁၄၊၂၁-၁၄ နဲ့အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်သို့တက်ရောက်နိုင်ခဲ့ပါတယ်။

သက်ထားသူဇာဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ကမ္ဘာ့အဆင့် ၁၅၆ ရှိတဲ့ ဂျပန်ကြက်တောင်မယ် ကူရီဟားရားနဲ့ စက်တင်ဘာ ၁၆ရက်နေ့မှာ ယဥ်ပြိုင်သွားရမှာဖြစ်ပါတယ်။

သက်ထားသူဇာအနေဖြင့် ဆီးမီးဖိုင်နယ်မှာအနိုင်ရရှိပါက ကမ္ဘာ့အဆင့် ၈၀ ဂျပန်ကြက်တောင်မယ် ဆူဇီနဲ့ ကမ္ဘာ့ ၂၇ ဗီယက်နမ်ကြက်တောင်မယ်ငုယင်တို့မှနိုင်တဲ့အသင်းနဲ့ ဗိုလ်လုပွဲမှာ ယှဥ်ပြိုင်ရ မှာ ဖြစ်ပါတယ်။

ဗီယက်နမ်အိုးပင်းကြက်တောင်ပြိုင်ပွဲဟာ သက်ထားသူဇာအတွက် ယခုနှစ်မှာ ၁၆ကြိမ် မြောက် ပြိုင်ပွဲဖြစ်ပြီး ဒုတိယအကြိမ်မြောက်အဖြစ် ဆီးမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ဗီယက်နမ်အိုးပင်း ကြက်တောင်ပြိုင်ပွဲဟာ ဗီယက်နမ်ကြက်တောင်အသင်းက ဦးစီးကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး ဆုကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Photo. Thet Htar Thuzar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013