DVB Logo
Home
မြန်မာသတင်း
၂၀၂၄ ပဲရစ်အိုလံပစ်တွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဝင်ပြိုင်ခွင့်ရ
DVB
·
May 20, 2024
၂၀၂၄ ပဲရစ်အိုလံပစ်တွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဝင်ပြိုင်ခွင့်ရ
Donate to DVB

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာကျင်းပမယ့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကို မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်‌ပြိုင်ခွင့်ရရှိခဲ့တယ်လို့ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)က ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ဟာ ပဲရစ်အိုလံပစ်ပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲတွေကို ၂၀၂၃ မေ ၁ ရက်မှ ၂၀၂၄ ဧပြီ ၂၈ ရက်အထိသတ်မှတ်ခဲ့ပြီး အဲ့ဒီကာလအတွင်းကျင်းပခဲ့တဲ့ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှုနဲ့ အောင်မြင်မှုအပေါ်  ရမှတ်တွက်ချက်ကာ အဆင့်သတ်မှတ်ခဲ့ပါတယ်။

လက်ရည်စစ်ပွဲမှ အဆင့်သတ်မှတ်ချက် ၁ ကနေ ၁၆ အထိ ရပ်တည်ခဲ့တဲ့ကစားသမားတွေရဲ့ နိုင်ငံတွေက အများဆုံး ၂ ယောက်ဝင်ယောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး အဆင့်သတ်မှတ်ချက် ၁၇ မှ အဆင့် ၃၀ ကျော်အထိ ရပ်တည်တဲ့ကစားသမားရဲ့ နိုင်ငံတွေကတော့ အများဆုံး တဦးသာဝင်ယောက် ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

အဲဒီလက်ရည်စစ်ကာလအတွင်း သက်ထားသူဇာဟာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ ၂၃ ခုမှ ရမှတ် ၃၂၆၃၀ ရယူခဲ့ကာ အဆင့်သတ်မှတ်ချက် ၂၂ ရရှိခဲ့တာကြောင့် ပဲရစ်အိုလံပစ်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။

သက်ထားသူဇာက “၃ နှစ်ကာလ လျှောက်လှမ်းခဲ့တဲ့ ပန်းတိုင်က သက်ထားကို ကြိုဆိုနေပါပြီ။ ဒီကာလတလျှောက် ကြည့်ရှုစောင့်ရှောက်ပေးတဲ့ မိဘတွေ၊ ကူညီပေးခဲ့တဲ့သူငယ်‌ချင်းတွေနဲ့ အားပေးတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်"လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးပါတယ်။

ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတဦးချင်းကြက်တောင်ပြိုင်ပွဲမှာ ကစားသမား ၃၉ ဦး ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး လက်ရွေးစင်အဆင့်မှ ၃၂ ဦးနဲ့ တိုက်ကြီးများအလိုက် ကိုယ်စားပြုသူနဲ့ ဖိတ်ခေါ်ခံရသူ စုစုပေါင်း ၇ ဦး ဝင်ယောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

သက်ထားသူဇာဟာ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာလည်း ပထမဆုံးအကြိမ်  ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အခု ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲဟာ ဒုတိယအကြိမ်မြောက်အဖြစ် သူ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။

တိုကျိုအိုလံပစ်ပြိုင်ပွဲမှာတော့ အင်ဒိုနီးရှားကြက်တောင်မယ် မာရီစကာနဲ့ ဘယ်လ်ဂျီယံ ကြက်တောင်မယ် လီယန်နီတန်တို့ကို ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှာပဲ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

ကမ္ဘာ့အဆင့် ၄၃ ရှိတဲ့ သက်ထားသူဇာနဲ့အတူ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်းမှကစားသမား ၂ ယောက်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်တို့က ကစားသမားတယောက်စီ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။

Photo. Thet Htar Thuzar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013