DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် တရားမဝင် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ
DVB
·
September 15, 2023
မဲဆောက်တွင် တရားမဝင် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို စက်တင်ဘာ ၁၄ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက် ၇ နာရီလောက်က တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်တားဆီးနှိမ်နင်းရေးအဖွဲ့က မဲဆောက်မြို့တွင်းမှာ အသက် ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးကို ဖမ်းဆီးခဲ့သလို မနက် ၉ နာရီလောက်က အမှတ် ၆ စစ်ဆေးရေးဂိတ်မှာ သက်တမ်း ၄၅၉ ရက်ထက် ပိုနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးကို ဖမ်းဆီးခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီခွဲမှာ ထိုင်းနယ်ခြားစောင့်စစ်တပ်နဲ့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ ပူးပေါင်းပြီး သောင်ရင်းမြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေက တရားမဝင် နိုင်ငံခြားသားတွေရှိရာ နေရာတွေကို ဝန်းရံပိတ်ဆို့ရှာဖွေရာ ဘန်ဒွန်ချိုင်းကျေးရွာမှာ နေထိုင်တဲ့ တရားမဝင် မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို မဲဆောက်ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး ပုဒ်မ ၂၂ အရ အရေးယူဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ထိုင်းနယ်ခြားစောင့်စစ်တပ်တို့ဟာ နယ်စပ်မတည်မငြိမ် ကိစ္စတွေကြောင့် တရားမဝင် နိုင်ငံခြားသားတွေရှိရာ နေရာတွေကို ဝင်ရောက်စစ်ဆေး လိုက်လံဖမ်းဆီးနေပြီး စက်တင်ဘာ ၁၄ ရက် တရက်တည်း မြန်မာနိုင်ငံသား ၄ ဦး အပါအဝင် ၁၈ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာန​ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Source/Photo-Tak Immigration

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013