DVB Logo
Home
မြန်မာသတင်း
ကျုံဒိုးတွင် နယ်မြေစိုးမိုးရန် ဝင်ရောက်လာသည့် စစ်တပ်အရာရှိ အပါအဝင် ၃ ဦး သေဆုံး
DVB
·
September 15, 2023
ကျုံဒိုးတွင် နယ်မြေစိုးမိုးရန် ဝင်ရောက်လာသည့် စစ်တပ်အရာရှိ အပါအဝင် ၃ ဦး သေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်ထဲက တောင်ကြာအင်းကျေးရွာမှာ နယ်မြေစိုးမိုးဖို့အတွက် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဘက်က ဗိုလ်အဆင့် တယောက် အပါအဝင် တပ်သား ၃ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိသွားခဲ့ တယ်လို့ ကေအန်ယူ−ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်း ဆေးရုံကုန်းနဲ့ စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ မခရ- ၅၄၆၊ မခရ-၂၃၀၊ ခမရ-၂၀၈ ပူးပေါင်း တပ်ရင်းတွေနဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၆) နဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေကြား  ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်တွေဘက်က စစ်သုံး ကား ၁ စီးလည်း ပျက်စီးခဲ့ ပါတယ်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားအပြီး စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ တယောက် လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး  ဒေသခံ ပြည်သူ ၄၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း ကေအန်ယူ−ဗဟိုက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။ 

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013