DVB Logo
Home
မြန်မာသတင်း
၂၀၂၃ ခုနှစ် မယ်စကြဝဠာမြန်မာ အလှမယ်သရဖူ အမရာဘို ဆွတ်ခူး
DVB
·
September 15, 2023
၂၀၂၃ ခုနှစ် မယ်စကြဝဠာမြန်မာ အလှမယ်သရဖူ အမရာဘို ဆွတ်ခူး
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်  ဒုတိယအကြိမ် ကျင်းပတဲ့ မယ်စကြဝဠာမြန်မာ အလှမယ်ပြိုင်ပွဲမှာ ကျိုင်းတုံကိုယ်စားပြု အလှမယ် အမရာဘိုက နိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ်သရဖူကို ဆွတ်ခူးရရှိသွားခဲ့ ပါတယ်။

ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကိုတော့ စက်တင်ဘာ ၁၄ ရက်မှာ ရန်ကုန်မြို့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ကာ 1st Runner Up ဆုကို မော်လမြိုင်ကိုယ်စားပြု အလှမယ် ဒီး၊ 2nd Runner Up ဆုကို ဗန်းမော်ကိုယ်စားပြုအလှမယ် ခေမာ၊ 3nd Runner Up ဆုကို တာချီလိတ် ကိုယ်စားပြု အလှမယ် နန်းနန္ဒာလင်း၊ 4th Runner Up ဆုကို ပုသိမ် ကိုယ်စားပြု အလှမယ် နိုနိုမေ၊ 5th Runner Up ဆုကို ပြင်ဦးလွင် ကိုယ်စားပြု အလှမယ် သင်းစန္ဒာပြည့်သီဟအောင်တို့က ရရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲတွေကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နောက်ဆုံး ၂၀၂၀ ပြည့်နှစ်အထိသာ ကျင်းပနိုင်ခဲ့ကာ စစ်အာဏာသိမ်းမှုစတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ရွေးချယ်နိုင်ခြင်း မရှိခဲ့ပါဘူး။

၂၀၂၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ်အဖြစ် အလှမယ် ဇာလီမိုးက အလှမယ်သရဖူကို ဆွတ်ခူးရရှိခဲ့ပြီး အမေရိကန်နိုင်ငံမှာ သွားရောက်ယှဉ် ပြိုင်ခဲ့ပေမယ့်  Unplaced အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

၆၉ ကြိမ်မြောက်အဖြစ် အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ မယ်စကြဝဠာပြိုင်မှာတော့ မြန်မာအလှမယ် သူဇာဝင့်လွင်က နောက်ဆုံးသွားရောက်ယှဉ်ပြိုင်ထားခဲ့ပြီး ချင်းတိုင်းရင်းသူ ဝတ်စုံနဲ့ နိုင်ငံကိုယ်စားပြု National Costume အမျိုးသားဝတ်စုံဆု ရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအလှမယ်ဟာ အဆိုပါ ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး စစ်အာဏာသိမ်းကာလ ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး "Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာ အသိုက် အဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့ ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာ အလှမယ်သရဖူကို မိုးစက်ဝိုင်က ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်၊ ၂၀၁၉ ခုနှစ်မှာ ဆွေဇင်ထက်တို့က ရရှိခဲ့ကြတာမို့ သူဇာဝင့်လွင်ကတော့ ၈ ယောက်မြောက် မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာအလှမယ် ဖြစ်လာခဲ့တာပါ။ 

၂၀၁၆ ခုနှစ်က မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင်တင်ဆက်မှုနဲ့ ပထမဆုံးအကြိမ် ဆုရရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013