၂၀၂၆ မယ်စကြဝဠာသရဖူကို အိမ်ရှင် ပွာတိုရီကိုအလှမယ် ဆွတ်ခူးရရှိ

ပွာတိုရီကိုနိုင်ငံက အလှမယ် ဂျနီဖာဘာရက်တိုဟာ နိုဝင်ဘာ ၂၄ ရက်မှာ ကျင်းပတဲ့ ၇၅ ကြိမ်မြောက် မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာ သရဖူဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီပြိုင်ပွဲကို သူ့မွေးရပ်မြေဖြစ်တဲ့ ပွာတိုရီကိုနိုင်ငံမှာ ကျင်းပခဲ့တာပါ။ ဆန်ဟွမ်မြို့က ဟိုဆေးမီဂဲလ် အဂရီလော့ ကိုလိုစီယမ်အားကစားကွင်းမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ ဘာရက်တိုဟာ တခြားနိုင်ငံနဲ့ နယ်မြေဒေသ ၁၁၅ ခုကနေ ဝင်ပြိုင်သူတွေကို ကျော်ဖြတ် အနိုင်ရခဲ့ပါတယ်။
ဒိုမီနီကန် သမ္မတနိုင်ငံက ကိုယ်စားလှယ်က ဒုတိယနေရာကို ရခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံက ကိုယ်စားလှယ်က တတိယနေရာကို ရခဲ့ပါတယ်။
ဘာရက်တိုဟာ ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ မက္ကဆီကို နိုင်ငံသူ ဖာတီမာ ဘော့ရှ်ရဲ့ နေရာကို ဆက်ခံသူ ဖြစ်လာခဲ့ပါတယ်။
Source:Reuters











