DVB Logo
Home
အားကစား
ဆယ်ကျော်သက်မိန်းကလေး၏လိင်ကိစ္စဗီဒီယို ဖြန့်ဝေမှုဖြင့် ရီးရဲလ်ကစားသမား ၃ ဦး ဖမ်းဆီးခံရ
DVB
·
September 15, 2023
ဆယ်ကျော်သက်မိန်းကလေး၏လိင်ကိစ္စဗီဒီယို ဖြန့်ဝေမှုဖြင့် ရီးရဲလ်ကစားသမား ၃ ဦး ဖမ်းဆီးခံရ
Donate to DVB

ရီးရဲလ်မက်ဒရစ် ကစားသမားသုံးယောက်ဟာ  အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက် မိန်းကလေးတယောက်ရဲ့ လိင်ကိစ္စ ဗီဒီယိုဖြန့်ဝေမှုနဲ့ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

စပိန်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Confidencial ရဲ့ ဖော်ပြချက်အရ အသက်မပြည့်သေးတဲ့ မိန်းကလေးရဲ့ မိခင်ဖြစ်သူဟာ သမီးဖြစ်သူရဲ့ လိင်ဆက်ဆံမှု ဗီဒီယိုကို ရီးရဲလ် ကစားသမားသုံးယောက်ထဲက တယောက်ကနေ  တခြားသူတွေဆီကို ဖြန့်ဝေခဲ့တာဖြစ်ကြောင်း ရဲစခန်းကို တိုင်ချက်ဖွင့်ထားခဲ့တာပါ။

အမည်ဖော်ပြမထားတဲ့ အဲဒီကစားသမားသုံးယောက်ဟာ ရီးရဲလ် မက်ဒရစ်အသင်းကလို့ဆိုပေမဲ့ အရန်အသင်း၊ လူငယ်အသင်းနဲ့ တတိယအသင်းတွေကလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဗီဒီယိုဖြန့်ဝေမှုမှာ ပထမအသင်းကြီးက ကစားသမားတွေ အပါအဝင် တခြားသူတွေလည်း ပါဝင်ပတ်သက်နေတယ်လို့ ရဲတပ်ဖွဲ့က သတင်းရင်းမြစ်ကို ကိုးကားပြီး စပိန်မီဒီယာက ဖော်ပြပါတယ်။

ဖမ်းဆီးခံထားရတဲ့ကစားသမားသုံးယောက်ကိုတော့ လတ်တလော စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013