DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းတွင် ပိုင်ဆိုင်မှုကြေညာချက်ပိတ်ပင်သည့် ဥပ‌ဒေမူကြမ်း သမ္မတ ဇလန်းစကီး ပယ်ချ
DVB
·
September 13, 2023
ယူကရိန်းတွင် ပိုင်ဆိုင်မှုကြေညာချက်ပိတ်ပင်သည့် ဥပ‌ဒေမူကြမ်း သမ္မတ ဇလန်းစကီး ပယ်ချ
Donate to DVB

ယူကရိန်းနိုင်ငံမှာ တာဝန်ရှိပုဂ္ဂိုလ်တွေ မဖြစ်မနေ ဆောင်ရွက်ရတဲ့ ပိုင်ဆိုင်မှု ကြေညာချက်တွေကို အများလူထုတွေမသိအောင် ပိတ်ထားဖို့ကြိုးစားတဲ့ ပါလီမန်ဥပဒေမူကြမ်းကို သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စက်တင်ဘာ ၁၂ ရက်မှာ ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။

“အခွန်နဲ့ ဘဏ္ဍာရေးဆိုင်ရာ လိုက်နာမှု အီလက်ထရွန်းနစ် ကြေညာချက်တွေကို ကန့်သတ်ထားတဲ့ ယူကရိန်းပါလီမန်က အတည်ပြုတဲ့ ဥပဒေကို ဗီတိုအာဏာသုံးထားတယ်။ အကြောင်းပြချက် ခပ်ရှင်းရှင်းပဲ။ ကြေညာချက်ကို အပြည့်အဝ ထုတ်ပြန်ရမှာဖြစ်ပြီး တနှစ်အတွင်းတောင်မဟုတ်ဘဲ ခုချက်ချင်းပဲ မှတ်ပုံတင်ရမယ်” လို့ ဇလန်းစကီးက တယ်လီဂရမ်ချန်နယ်ကနေ ပြောပါတယ်။

ဥပဒေကို ပြန်မပြဋ္ဌာန်းခင် အဓိကကျတဲ့ ဒီပြင်ဆင်ချက်ကို မြန်မြန်လုပ်ရမယ်လို့လည်း ဆိုပါတယ်။ 

ပါလီမန်ဟာ လုံခြုံရေး ကြိုတင်သတိထားမှုအနေနဲ့ ရုရှားရဲ့ ၂၀၂၂ ကျူးကျော်မှုအပြီးမှာ ဆိုင်းငံ့ထားတဲ့ ကြေညာချက်စည်းကမ်းကို ပြန်လည်ပြင်ဆင်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်က မဲခွဲဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ အများပြည်သူ ထုတ်ဖော်ပြောဆိုမှုတွေကိုတော့ ၁ နှစ်လောက် ပိတ်ထားဖို့ လုပ်ဆောင်ခဲ့တာပါ။

ပါလီမန်ဟာ အဲဒီဥပဒေကြမ်းကို စက်တင်ဘာ ၂၀ ရက် ဝန်းကျင်မှာ ထပ်ပြီး မဲပေးမှာ ဖြစ်တယ်လို့ လွှတ်တော်အမတ် ယာရိုဆလာ့ဗ် ဇဲလဲ့ဇ်ညက်ခ်က တယ်လီဂရမ်မှာ ပြောကြားခဲ့ပါတယ်။

ဒီ ဥပဒေ မူကြမ်းအပေါ် ပြည်သူလူထုက ဒေါသထွက်ခဲ့ကြပြီး  ဥပဒေကြမ်းကို  ဗီတိုအာဏာသုံးပယ်ချတဲ့ ဇလန်းစကီးရဲ့ ဆုံးဖြတ်ချက်ကို တချို့လွှတ်တော်အမတ်တွေနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ဒေါ်လာ ၁၅ ဒသမ ၆ ဘီလီယံ အကူအညီ ပက်ကေ့ချ် တစိတ်တပိုင်းကို ပေးဆောင်ဖို့အတွက် စံနှုန်းတွေများစွာထဲက တခုအဖြစ် IMF ဟာ မဖြစ်မနေ ပိုင်ဆိုင်မှု ကြေညာချက်တွေကို ပြန်ပေးဖို့ သီးခြားဖော်ပြထားတာပါ။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဟာ ဥရောပသမဂ္ဂကို ယူကရိန်းဝင်ရောက်ခွင့်အတွက် လိုအပ်ချက်တခုဖြစ်ပြီး ယူကရိန်းအစိုးရကလည်း ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်ခြင်းနဲ့ အတူ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ဦးစားပေးအဖြစ် ကြေညာထားတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013