DVB Logo
Home
နိုင်ငံတကာ
နိုဘယ်လ်ဆုရှင် ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာ အခွန်လိမ်လည်မှုမှ တရားသေလွတ်
DVB
·
September 12, 2023
နိုဘယ်လ်ဆုရှင် ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာ အခွန်လိမ်လည်မှုမှ တရားသေလွတ်
Donate to DVB

အခွန်လိမ်လည်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဖိလစ်ပိုင် နိုဘယ်လ်ဆုရှင်နဲ့ ရက်ပ်လာသတင်းဌာနရဲ့ အမှုဆောင်အရာရှိချုပ် မာရီယာရက်ဆာကို စက်တင်ဘာ ၁၂ ရက် ရုံးချိန်းမှာ အမှုကနေ တရားသေ လွှတ်ပေးလိုက်ပါတယ်။

ဒါဟာ ဖိလစ်ပိုင်နိုင်ငံမှာ သတင်းလွတ်လပ်ခွင့်အတွက်နဲ့ ရုန်းကန်နေရတဲ့ သတင်းသမားတယောက်အတွက် နောက်ထပ် တရားဝင်အောင်ပွဲတခု ဖြစ်ပါတယ်။

နိုဘယ်လ်ဆုရှင် မာရီယာရက်ဆာက “အခု တရားသေလွှတ်လိုက်တာက တရားစီရင်ရေးစနစ် အတိုင်း ဆက်သွားပြီးတော့ နိုင်ငံရေးအရ နှောင့်ယှက်မှုတွေ ရှိနေပေမဲ့ တရားရုံးကို ကိုယ်တိုင်တင်ပြဖို့ ဆက်လုပ်သွားမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ခိုင်မာစေပါတယ်။ သတင်းလွတ်လပ်ခွင့်ကို တိုက်ခိုက်မှုတွေရှိပေမဲ့ တရားရုံးစနစ်က အလုပ်ဖြစ်တယ်ဆိုတာကို ပြသပြီး ကျန်စွဲချက်တွေကို ပယ်ချဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

သူ့အနေနဲ့ အမှောင်ဆုံးအချိန်တွေကို ဖြတ်သန်းလာရပြီးတော့ ခုထိ အမှောင်တောထဲက မထွက်ရသေးပါဘူးလို့လည်း တရားရုံးအပြင်ဘက်မှာ မာရီယာရက်ဆာက ပြောပါတယ်။

ကမ္ဘာတဝန်းမှာ ဂျာနယ်လစ်ဇင်နဲ့ ဒီမိုကရေစီ နှစ်ခုစလုံး တိုက်ခိုက်ခံနေရပြီး ဒီမှာရှိနေတဲ့ ကင်မရာတွေဟာ ဆိုရှယ်မီဒီယာပေါ်က သတင်းအချက်အလက် စစ်ဆင်ရေးတွေနဲ့ ခြိမ်းခြောက်ခံနေရတာကို ဖိလစ်ပိုင်မှာတင် မဟုတ်ဘဲ ကမ္ဘာတဝန်း တွေ့ခဲ့ရပါတယ်လို့လည်း သူကပြောပါတယ်။

အဖြစ်မှန်တွေ အားပျော့သွားအောင်နဲ့ အလိမ်အညာတွေကို အချက်အလက်တွေအဖြစ် ပြောင်းလဲသွားအောင် ဆိုရှယ်မီဒီယာကို အသုံးချနေကြပြီး ခုဆို ဉာဏ်ရည်တုမျိုးဆက်သစ် အေအိုင်လည်း ရှိလာပြီမို့လို့ ရှေ့ဆက်သွားဖို့ ပိုခက်ခဲလာလိမ့်မယ်လို့ မာရီယာရက်ဆာက ပြောသွားပါတယ်။

၂၀၂၁ ခုနှစ်က ရုရှားဂျာနယ်လစ်တဦးနဲ့အတူ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ အသက် ၅၉ နှစ်အရွယ် ရက်ဆာဟာ အခွန်ဆိုင်ရာ စွဲချက်တွေကနေ ရှင်းလင်းခဲ့ပြီးနောက်မှာ တရားသေလွတ်မြောက်မှုကို မျှော်လင့်ထားပါတယ်။

ရက်ဆာဟာ လက်ရှိမှာ အာမခံရရှိထားပြီး ၂၀၂၀ ပြည့်နှစ်တုန်းက အစိုးရအေဂျင်စီတွေက တိုင်ကြားထားတဲ့ အင်တာနက်သုံးပြီး သတင်းမှားတွေ ဖြန့်ဝေကြောင်း စွဲချက်တွေ တင်ခံရပြီးတော့ ဆိုက်ဘာအသရေဖျက်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ဒီအမှုတွေဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ကြောင်း သူက ပြောထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013