DVB Logo
Home
အားကစား
 စကော့တလန်နှင့်ပွဲ ခြေစမ်းပွဲတစ်ပွဲကဲ့သို့ မဖြစ်နိုင်ဟု ဝေါ်လ်ကာပြော
DVB
·
September 12, 2023
 စကော့တလန်နှင့်ပွဲ ခြေစမ်းပွဲတစ်ပွဲကဲ့သို့ မဖြစ်နိုင်ဟု ဝေါ်လ်ကာပြော
Donate to DVB

 

စကော့တလန်အသင်းနဲ့ ကန်မယ့်ပွဲစဉ်ဟာ ခြေစမ်းပွဲတစ်ပွဲလို ဘယ်တော့မှ မဖြစ်နိုင်ကြောင်း အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာက ပြောသွားပါတယ်။

အင်္ဂလန်အသင်းနဲ့  စကော့တလန်တို့ဟာ ၁၈၇၂ ခုနှစ်က ကမ္ဘာ့ပထမဆုံး နိုင်ငံတကာခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့မှု နှစ်ပေါင်း ၁၅၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ စက်တင်ဘာလ ၁၃ ရက်မှာ ခြေစမ်းသွားမှာပါ။ 

စကော့တလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားတိုင်း ခြေစမ်းပွဲတစ်ပွဲလို ဖြစ်မလာနိုင်ကြောင်း၊ နောက်ဆုံးအကြိမ်တွေ့ဆုံစဉ်ကလည်း ခက်ခက်ခဲခဲနဲ့ သရေရလဒ်ပဲ ရယူနိုင်ခဲ့တာဖြစ်လို့ အကြိတ်အနယ်ရှိမယ့်ပွဲ ဖြစ်ကြောင်း ဝေါ်ကာက ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ယူကရိန်းနဲ့ ယူရိုခြေစစ်ပွဲမှာ တစ်ဂိုးစီသရေကျခဲ့ပြီး စကော့တလန်ကတော့ ယူရိုခြေစစ်ပွဲစဉ် ၅ ပွဲစလုံး အနိုင်ရရှိထားပါတယ်။

ဘောလုံး ဘိုးအေနိုင်ငံတွေလို့ တင်စားကြတဲ့ ဒီနှစ်သင်းရဲ့ ခြေစမ်းပွဲမှာ ၁၈၇၂ ခုနှစ်က ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို ပြန်လည်ဆန်းသစ်ပြီး ဝတ်ဆင်ဖို့လည်း ရှိပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013