
ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ လစ်လပ်နေတဲ့ ဂျာမနီနည်းပြသစ်ရာထူးအတွက် ဘိုင်ယန်နည်းပြ ဟောင်း နာဂယ်စ်မန်းကို ခေါ်ယူခန့်အပ်ဖို့ စီစဉ်နေပါတယ်။
ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်း ဂျပန်အသင်းနဲ့ ခြေစမ်းပွဲမှာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဟန်ဆီဖလစ်ခ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲစတင်ဖို့ ၉ လလောက် အလိုမှာ နည်းပြအပြောင်းအလဲလုပ်ခဲ့တာဖြစ်ပြီး ဂျာမန်ဘောလုံးလောကနဲ့ အကျွမ်းတဝင်ရှိတဲ့ နည်းပြနာဂယ်စ်မန်းကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒါ့အပြင်ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာအဖြစ် တာဝန်ယူနေတဲ့ ဂျာမနီလက်ရွေးစင်ဟောင်း မားသီးယက်စ်ဆမ်းမားကိုလည်း လျာထားတယ်လို့ သိရပါတယ်။
ဂျာမနီအသင်းဟာ လာမယ့် စက်တင်ဘာ ၁၃ ရက်မှာ ပြင်သစ်အသင်းနဲ့ ဒေါ့မွန်ကွင်းမှာ ခြေစမ်းကစားဦးမှာ ဖြစ်ပါတယ်။
Photo-Reuters










