DVB Logo
Home
မြန်မာသတင်း
ပလောက်မြို့တွင် ပျူစောထီးဂိတ် တိုက်ခိုက်ခံရပြီးနောက် ညမထွက်ရအမိန့် ထပ်တိုးသတ်မှတ်
DVB
·
September 11, 2023
ပလောက်မြို့တွင် ပျူစောထီးဂိတ် တိုက်ခိုက်ခံရပြီးနောက် ညမထွက်ရအမိန့် ထပ်တိုးသတ်မှတ်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့မှာရှိတဲ့ နန်းသီလာ ပျူစောထီး စစ်ဆေးရေးဂိတ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က ပလောက်မြို့မှာ ညမထွက်ရအမိန့်ကို ထပ်တိုးသတ်မှတ်လိုက်ပါတယ်။

စစ်ကောင်စီဘက်က ပလောက်မြို့မှာ အရင်က ညမထွက်ရအမိန့်ကို ည ၈ နာရီမှ မနက် ၅ နာရီအထိ သတ်မှတ်ထားပေမဲ့ အဆိုပါတိုက်ပွဲ ဖြစ်ပွားပြီးနောက်မှာ ညမထွက်ရအမိန့်ကို ည ၇ နာရီမှ မနက် ၆ နာရီအထိ ထပ်တိုးသတ်မှတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ပျူစောထီးဂိတ် တိုက်ခိုက်ခံရပြီးတဲ့နောက် အခုလက်ရှိမှာ ဂိတ်ကို အရှေ့နည်းနည်းတိုးပြီး ပြန်လုပ်ထားတယ်။ နန်းသီလာ စစ်ဆေးရေးဂိတ်ဝန်းကျင်ရှိ နေအိမ်တွေကို ရှောင်ခိုင်းထားတယ်။ စစ်ကောင်စီဘက်က ပလောက်မြို့ရဲ့ ဒေသခံတွေကို တရပ်ကွက်မှာ ၃ ယောက် ကင်းစောင့်ခိုင်းတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် မနက် ၆ နာရီဝန်းကျင်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ နန်းသီလာ ပျူစောထီး စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးမှ ကိုအာနိုးက “ကျနော်တို့ဘက်က ဂိတ်ကို ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ ဂိတ်မှာရှိတဲ့ ပျူစောထီးတွေက ပြန်မခုခံဘဲ ထွက်ပြေးတယ်။ ပျူတွေဆုတ်ပြေးတဲ့အချိန် ကျနော်တို့ဘက်က ဂိတ်ကို မီးရှို့ခဲ့တယ်။ စစ်ကောင်စီဘက်က လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်လို့ ကျနော်တို့ဘက်က ပြန်ဆုတ်ခဲ့တယ်” လို့ ပြောပါတယ်။

“အဲဒီတိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ဂိတ်နားမှာရှိတဲ့အိမ်မှာ မူးပြီး လာအိပ်နေတဲ့ အရပ်သားတယောက် ကြောက်လန့်ပြီး ထပြေးလို့ တိုက်ပွဲကြားရောက်ပြီး ကျည်ထိတယ်။ အခုလောလောဆယ် ကျည်ထိတဲ့အရပ်သားက ထားဝယ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတယ်” လို့ သူက ဒီဗွီဘီကို ဆက်ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်ကရော ဒေသခံ ပြည်သူ့ကာကွယ်ရေးဘက်ကရော ထိခိုက်ကျရှုံးမှု မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013