DVB Logo
Home
မြန်မာသတင်း
ရုရှားနိုင်ငံက Su-30 ဂျက်တိုက်လေယာဉ် ၂ စင်း မြန်မာနိုင်ငံသို့ ပထမဆုံးအသုတ် ရောက်လာ
DVB
·
September 11, 2023
ရုရှားနိုင်ငံက Su-30 ဂျက်တိုက်လေယာဉ် ၂ စင်း မြန်မာနိုင်ငံသို့ ပထမဆုံးအသုတ် ရောက်လာ
Donate to DVB

ရုရှားနိုင်ငံကနေ ပထမဆုံးအသုတ်အဖြစ် ပေးပို့လိုက်တဲ့ Su-30 SME ဂျက်တိုက်လေယာဉ် ၂ စင်းကို  မြန်မာနိုင်ငံက လက်ခံရရှိပြီးဖြစ်တယ်လို့ စစ်ကောင်စီ ဝန်ကြီး ချာလီသန်းက ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင် RIA သတင်းက ဖော်ပြပါတယ်။

Su-30 SME ဖိုက်တာဂျက် ၆ စီးဝယ်ယူဖို့အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာလထဲမှာ မြန်မာစစ်တပ်နဲ့ ရုရှားတို့ စာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်ကြောင်း RIA သတင်းက ပြောပါတယ်။

အဲဒီ Sukhoi Su-30SME ဘက်စုံသုံး ဖိုက်တာဂျက်တွေဟာ လေကြောင်းရန်ရှင်းလင်းခြင်း၊ လေကြောင်းကင်းထောက်ခြင်း၊ လေကြောင်းတိုက်ပွဲဝင်ခြင်းတို့အပြင် လေယာဉ်မှူးတွေကို လေ့ကျင့်ပေးရာမှာလည်း အသုံးပြုကြောင်း ရုရှားနိုင်ငံပိုင် လက်နက်တင်ပို့ရောင်းချတဲ့လုပ်ငန်း  Rosoboronexport က ပြောပါတယ်။

စစ်ကောင်စီ စက်မှုဝန်ကြီးက ချာလီသန်းဟာ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရရှိစေရေးအတွက် ရည်ရွယ်ပြီး ရုရှားနိုင်ငံက နှစ်စဉ်ပြုလုပ်လျက်ရှိတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အရှေ့ဖျားစီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၁၀ ရက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကနေစပြီး စက်တင်ဘာလ ၁၃ ရက် ဗုဒ္ဓဟူးနေ့အထိ ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

စီးပွားရေးဖိုရမ်မှာ နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းအပြန်အလှန် မြှင့်တင်ရေးအပါအဝင် နှစ်နိုင်ငံသဘောတူညီမှု စာချုပ်အမြောက်မြေား လက်မှတ်ရေးထိုးသွားဖို့ရှိကြောင်း စစ်ကောင်စီဝန်ကြီး ချာလီသန်းက ရုရှားနိုင်ငံပိုင် နောက်ထပ်သတင်းဌာနတစ်ခုဖြစ်တဲ့ TASS ကိုလည်း ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပါတ်သက်ပြီး ဆက်သွယ်မေးမြန်းတာကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခြင်းမရှိသေးဘူးလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

ရုရှားက ပံ့ပိုးရောင်းချနေတဲ့ စစ်လက်နက် ပစ္စည်းတွေဟာ မြန်မာနိုင်ငံက ပဋိပက္ခတွေ ပိုမိုဆိုးရွားစေတဲ့ အကြောင်းတစ်ခုဖြစ်တာကြောင့် မြန်မာစစ်အာဏာရှင်တွေအပေါ် ရုရှားက ထောက်ပံ့ကူညီနေတာတွေဟာ လက်မခံနိုင်စရာဖြစ်သလို ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုလည်း ပျက်ပြားစေတယ်လို့ အမေရိကန်က ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ရုရှားက ကာကွယ်ရေးဝန်ကြီးအပါအဝင် ထိပ်တန်းခေါင်းဆောင်တွေ မြန်မာနိုင်ငံကို လာရောက်ခဲ့ကြသလို ရုရှားကို အကြိမ်ကြိမ်သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာလည်း ရုရှားက ပေးအပ်တဲ့ ဂုဏ်ပြုဘွဲ့တံဆိပ်ကိုရရှိခဲ့ကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

PHOTO CREDIT- Rosoboron export

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013