DVB Logo
Home
မြန်မာသတင်း
ငရုတ်သီးစိမ်း ဈေးကျဆင်းနေသဖြင့် တောင်သူများ အရှုံးပေါ်
DVB
·
September 10, 2023
ငရုတ်သီးစိမ်း ဈေးကျဆင်းနေသဖြင့် တောင်သူများ အရှုံးပေါ်
Donate to DVB

မိုးတွင်းကာလ ဈေးကျလေ့ရှိတဲ့ ငရုတ်သီးစိမ်းတွေဟာ ထိုင်းနိုင်ငံ တင်ပို့လို့မရတော့တာကြောင့် ပုံမှန်ထက် ဈေးပိုကျဆင်းနေပြီး အရှုံးပေါ်နေတယ်လို့ ငရုတ်စိုက်ပျိုးတဲ့တောင်သူတွေက ပြောပါတယ်။

“တစ်ခြား အသီးတွေ ဈေးတက်တယ် ငရုတ်က ဈေးအရမ်းကျနေတယ်။ မိုးတွေကလည်း ရွာတော့ မခူးရင်ပုပ်မယ့် အနေအထားရောက်နေပြီ။ ဈေးမကောင်းသေးလို့ မခူးသေးဘူးဆိုလည်း မရဘူး။ မနှစ်က အဲ့လောက် မကျဘူး” လို့ ရမည်းသင်းဘက်က ငရုတ်စိုက်ပျိုးသူတဦးက ပြောပါတယ်။ 

သွင်းအားစု၊ လုပ်သားငှားရမ်းခနဲ့ ကားတင်စရိတ်တို့က ပုံမှန်ထက် ၂ ဆနီးပါး ဈေးပေးနေရတယ်လို့ သူက ပြောပါတယ်။

လက်ရှိ ဈေးကွက်အတွင်းမှာ ပီနံသီး၊ အစိမ်းသီး၊ ကျောက်စိမ်းသီး၊ မိုးထောင်သီး၊ သာမို၊ အာမိုတို့ အရောင်းအဝယ် ဖြစ်နေပြီး ပီနံသီးနဲ့ သာမိုကလွဲပြီး အခြားငရုတ်သီးတွေက ၁ ပိဿာကို အနိမ့်ဆုံးဈေး ကျပ် ၆၀၀ ကနေ ၁,၀၀၀ ကြားသာ ရရှိတယ်လို့ တောင်သူတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ ၃ လအတွင်း ငရုတ်သီးစိမ်း ၁ ပိဿာကို ငွေကျပ် ၅,၀၀၀ ကျော် ဈေးကျဆင်းလာတယ်လို့ ငရုတ်စိုက်တောင်သူတွေဆီကနေ သိရပါတယ်။

“ထိုင်းနယ်စပ် အခြေအနေနဲ့ကျတော့ ငရုတ်ကလည်း အများကြီး တင်ပို့လို့ မရတော့ ပြည်တွင်းမှာ ဈေးကျဆင်းတဲ့ သဘောပါ။ ပုံမှန်လည်း မိုးတွင်းဆို ကျပေမဲ့ အခုက တော်တော် ကျတယ်ပြောရမယ်” လို့ အောင်ပန်းဈေးကွက်မှ ငရုတ်ရောင်းဝယ်သူ ကိုစိုင်းက ပြောပါတယ်။

အောင်ပန်းစျေးကွက်မှာ ငရုတ်သီး မိုးထောင်နဲ့ ကျောက်စိမ်းက လက်ကားပေါက်ဈေး ၁ ပိဿာကို ကျပ် ၁,၈၀၀ ရှိပြီး တပတ်အတွင်း ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းပါတယ်။ သာမိုကတော့ ၁ ပိဿာကို ကျပ် ၅,၀၀၀ ကနေ ၆,၀၀၀ ကြားပေါက်ဈေးရှိကာ ၁ ပိဿာကို ၂,၀၀၀ လောက် ကျဆင်းသွားပါတယ်။ ပီနံသီးကတော့ ၁ ပိဿာကို ‌ကျပ် ၁၃,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ 

ငရုတ်သီးကို မြန်မာပြည်အနှံအပြားမှာ စိုက်ပျိုးကြပြီး အောင်ပန်း၊ အင်းလေး၊ ရွှေဘို၊ ပျဉ်မနား၊ နေပြည်တော်၊ တပ်ကုန်း၊ ညောင်တုန်း၊ မန္တလေးမြို့က အသီးတွေသာ အရောင်းအဝယ် ကောင်းတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013