
ယူကရိန်းသမ္မတ ဇလန်းစကီး အပါအဝင် ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံဖို့အတွက် စက်တင်ဘာ ၉ ရက်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာရာရှီက ကိဗ်မြို့တော်ကို အံ့အားသင့်ဖွယ် ရောက်လာခဲ့ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ စီပွားရေးအတွက် ပြန်လည်တည်ဆောက်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ အပါအဝင် လုံခြုံရေးဆိုင်ရာ အာမခံချက်တွေနဲ့ ပတ်သက်ပြီး ဟာရာရှီ နဲ့ ဇလန်းစကီးကြား ဆွေးနွးမှုတွေ စတင်ဖို့ရာ သဘော တူညီခဲ့ကြတယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ အတည်ပြုပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍနှစ်ခုစလုံးဟာ ယူကရိန်းစီးပွားရေးအတွက် အကူအညီပေးသွားမှာ ဖြစ်တယ်လို့ ဟာရာရှီ က ကတိပြုခဲ့ပါတယ်။
ဒါကြောင့် ဟာရာရှီက ဂျပန်ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိချုပ်တွေနဲ့အတူ ယူကရိန်းနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ထားပါတယ်။
ယူကရိန်းနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာလည်း ကယ်ဆယ်ရေး သမားတွေအတွက် အထူးယာဉ်တွေနဲ့အတူ မိုင်းရှင်းလင်းရေး ကိရိယာအများအပြားကိုပါ ယိုရှီမာဆာ ကိုယ်တိုင် လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။
Source/Photo-Reuters