DVB Logo
Home
နိုင်ငံတကာ
ကိယက်ဗ်မြို့ ကလေးဆေးရုံကို ရုရှားဒုံးကျည် တိုက်ရိုက်ထိမှန်ခဲ့ဟု ကုလအတည်ပြု၊  ရုရှား ငြင်းဆို
DVB
·
July 10, 2024
ကိယက်ဗ်မြို့ ကလေးဆေးရုံကို ရုရှားဒုံးကျည် တိုက်ရိုက်ထိမှန်ခဲ့ဟု ကုလအတည်ပြု၊  ရုရှား ငြင်းဆို
Donate to DVB

ယူကရိန်းမြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေချိန်မှာ ကိယက်ဗ်ရဲ့ ပင်မကလေးဆေးရုံကို ရုရှားဒုံးကျည်ကနေ တိုက်ရိုက်ထိမှန်တဲ့ ဖြစ်နိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမစ်ရှင်က ဇူလိုင် ၉ ရက်မှာ ပြောကြားခဲ့ပြီး ရုရှားအစိုးရက  ငြင်းဆိုနေပါတယ်။

ကိယက်ဗ်မြို့ရှိ ကလေးဆေးရုံကို ဇူလိုင် ၉ ရက်က ထိမှန်တာဟာ ရုရှားဒုံးကျည်မဟုတ်ဘဲ ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေး ပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ ကရင်မလင်နန်းတော်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ရုရှားဟာ အရပ်သားပစ်မှတ်တွေကို ပစ်ခတ်မှုတွေ မလုပ်ဆောင်ဘူး ဆိုတာကို အခိုင်အမာ ပြောရဲတယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က အထောက်အထား မရှိဘဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဇူလိုင် ၉ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် နေဘန်ဇီယာကလည်း ကိယက်ဗ်ရဲ့ အဓိက ကလေးများဆေးရုံ တိုက်ခိုက်မှုအတွက် သူ့နိုင်ငံမှာ တာဝန်မရှိကြောင်း ပြောကြားခဲ့ပြီး “ဒါက ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးရဲ့ ဒုံးကျည်ပဲ” လို့လည်း ဆိုပါတယ်။

တနင်္လာနေ့က ကိယက်ဗ်မြို့ရှိ အဓိက ကလေးများဆေးရုံကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပြီး ယူကရိန်းနိုင်ငံတဝန်းရှိ တခြားမြို့တွေကိုလည်း ဒုံးကျည်တွေကို ဗုံးမိုးရွာသလို ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး လနဲ့ချီ လေကြောင်းတိုက်ခိုက်မှုအတွင်း အသေအပျောက် အဆိုးရွားဆုံးဖြစ်တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

ဆေးရုံကို ထိမှန်ခဲ့တဲ့ ရုရှားရဲ့ Kh-101 ကာလီဘာဒုံးကျည်ရဲ့ အပိုင်းအစတွေကို အခင်းဖြစ်တဲ့နေရာမှာ တိကျရှင်းလင်းတဲ့ သက်သေအထောက်အထားအဖြစ် တွေ့ရှိခဲ့ရပြီး အထူးသဖြင့် အမှတ်စဉ်နံပါတ်ပါတဲ့ ဒုံးကျည်ရဲ့ အနောက်ဘက်အပိုင်းအစတွေ၊ လမ်းညွှန်စနစ်ရဲ့ တစိတ်တပိုင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ယူကရိန်း လုံခြုံရေးဌာနက ပြောပါတယ်။ လက်နက်ရဲ့ အင်ဂျင်အပိုင်းအစတွေလို့ ဆိုထားတဲ့ ဓာတ်ပုံတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံတဝန်းမှာ တနင်္လာနေ့က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိုခ်မာဒစ်ထ် ကလေးများဆေးရုံက ကလေး ၄ ယောက်နဲ့ လူကြီး ၂ ယောက် အပါအဝင် လူပေါင်း ၄၁ ဦး သေဆုံးခဲ့ရတဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံကို တိုင်တဝက် လွှင့်တင်ထားပါတယ်။

ယူကရိန်းနိုင်ငံ ကိယ်ဗ်မြို့ကလေးဆေးရုံကို ဒုံးကျည်ထိမှန်ခဲ့တာနဲ့ပတ်သက်လို့ ရုရှားက ငြင်းဆိုထားပေမဲ့ ကုလသမဂ္ဂကတော့ တိုက်ရိုက်ထိမှန်တဲ့ ဖြစ်နိုင်ခြေ များပါတယ်လို့ ပြောခဲ့တာပါ။

တနင်္ဂလာနေ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ ကလေးဆေးရုံရှိ ကလေး ၄ ဦးနဲ့ လူ၂ ဦး သေဆုံးမှု အပါအဝင် လူ ၄၄ ဦး သေဆုံးခဲ့တာကြောင့် ယူကရိန်းနိုင်ငံမှာ အလံတဝက်လွှင့်ထူပြီး ဝမ်းနည်းမှုကို ဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးတာဝန်ရှိသူ ဒါနီလီဘဲလ်က “ဗီဒီယိုမှတ်တမ်းတွေနဲ့ အပျက်အစီးတွေကိုကြည့်ရင် ဒုံးကျည်ကာကွယ်ရေးစနစ်ကတဆင့် ထိမှန်ခဲ့တာထက် တိုက်ရိုက်ထိမှန်တဲ့ ဖြစ်နိုင်ခြေ ပိုများပါတယ်” လို့ ပြောပါတယ်။

ယူကရိန်းလုံခြုံရေးအဖွဲ့က ရုရှားရဲ့ Kh-101 ဒုံးကြည်ထိမှန်တဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောဆိုခဲ့ပြီး ဒုံးကျည်ရဲ့ အင်ဂျင်အစိတ်အပိုင်းတွေကို ဓာတ်ပုံနဲ့ ပြသခဲ့ပါတယ်။

ရုရှားကတော့ အထောက်အထားမဲ့ ငြင်းဆိုထားပြီး ယူကရိန်းရဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်ကြောင့်လို့ ပြောပါတယ်။

ကိယက်ဗ်မြို့ ကလေးဆေးရုံဟာ ဥရောပရဲ့ အကြီးဆုံး ဆေးရုံတခုထဲမှာပါပြီး ကင်ဆာနဲ့ ကျောက်ကပ်ရောဂါသည်တွေကို အဓိကကုသပေးတဲ့ ဆေးရုံပါ။ ဆေးရုံတိုက်ခိုက်မှုခံရပြီးနောက် ယူကရိန်းကို ပြည်တွင်းပြည်ပက အလှူရှင်တွေ ဒေါ်လာသန်းနဲ့ချီပြီး လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။

ဒါဟာ ရုရှားကျူးကျော်စစ်ပြုလုပ်ပြီးနောက် ၂၈ လအတွင်း အလှူငွေအများဆုံးရခဲ့တာလည်း ဖြစ်ပါတယ်။ ဆေးရုံမှာ ကလေး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုအပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗြိတိန်၊ ပြင်သစ်၊ အက်ကွေဒေါ၊ စလိုဗေးနီးယားနဲ့ အမေရိကန်နိုင်ငံတို့ကို အစည်းအဝေးပြုလုပ်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံ အရှေ့ဘက် ဒိုနက်ခ်ဒေသရှိ ယက်နိုယရိုဒီကာရွာအထိ ချီတက်လာတယ်လို့ အင်္ဂါနေ့က ကြေညာထားပါတယ်။

ဒီဒေသတွေဟာ လပေါင်းများစွာ ပြင်းထန်တဲ့ထိုးစစ်ကို ရင်ဆိုင်ခဲ့ရတဲ့နေရာတွေဖြစ်ပြီး ယူကရိန်းနိုင်ငံကတော့ ရုရှားတွေ သိမ်းပိုက်လာတဲ့အပေါ် မှတ်ချက်ပေးခဲ့တာမျိုး မရှိသေးပါဘူး။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013