DVB Logo
Home
မြန်မာသတင်း
၁ ပတ်အတွင်း နှမ်းမျိုးစုံ ၁ အိတ်ကို ကျပ် ၅ သောင်းနီးပါး ဈေးကျသွား
DVB
·
September 10, 2023
၁ ပတ်အတွင်း နှမ်းမျိုးစုံ ၁ အိတ်ကို ကျပ် ၅ သောင်းနီးပါး ဈေးကျသွား
Donate to DVB

တရုတ်ငွေဈေးကျဆင်းတဲ့အပြင် နှမ်းအသစ်တွေ ဈေးကွက်ထဲ အဝင်များလာတဲ့အတွက် တပတ်အတွင်း နှမ်းမျိုးစုံ တအိတ်ကို ငွေကျပ် ၂၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ဈေးကျဆင်းသွားတယ်လို့ နှမ်းကုန်သည်တွေဆီကနေ သိရပါတယ်။

မကွေးတိုင်းထဲက နှမ်းကုန်သည်တယောက်က “တရုတ်ဘက်ကလည်း အဝယ်နည်းသွားတယ်။ ဒီဘက်မှာကလည်း အသစ်တွေ ထွက်နေတာဆိုတော့ ဈေးကို စောင့်ကြတဲ့သဘောပေါ့။ ပြီးရင် သူတို့က အက်စစ်လွတ်တာတွေ အဝယ်များတယ်။ အခု ထွက်လာတဲ့ နှမ်းတွေက အရည်အသွေးလည်း သိပ်မကောင်းဘူး” လို့ ပြောပါတယ်။

နှမ်းကို တရုတ်နိုင်ငံက အဓိက ဝယ်ယူပြီး ဂျပန်နိုင်ငံကလည်း ဝယ်ယူတာတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ တရုတ်ငွေဈေးက ယွမ်ငွေ ၁၀၀ ကို မြန်မာကျပ်ငွေ ၄၃,၀၀၀ ကနေ ၄၄,၀၀၀ ဝန်းကျင်ရှိပြီး စက်တင်ဘာပထမအပတ်လောက်ကတော့ ကျပ် ၅၀,၀၀၀ ကနေ ၅၂,၀၀၀ အထိ ပေါက်ဈေးရှိခဲ့တယ်လို့ မူဆယ်နယ်စပ်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းတွေဆီကနေ သိရပါတယ်။

ဆင်ဖြူကျွန်းဒေသက တောင်သူတယောက်က “ပေါ်ချိန်ဆို ဈေးတွေဆွဲချတာကတော့ ပုံမှန်ပါပဲ။ ကိုက်ရင်ရောင်း မကိုက်ရင် မရောင်းနဲ့ အဲလိုပေါ့။ တောင်သူဆိုတာမျိုးကလည်း အခုရောင်းတဲ့ဟာတွေက နောက်အတွက် ထပ်စိုက်ဖို့ လုပ်ရတာဆိုတော့ မလှောင်နိုင်ပါဘူး” လို့ ပြောပါတယ်။

နှမ်းနက်(စမုံ)က လက်ရှိပေါက်စျေး သုံးတင်းဝင် တအိတ်ကို ကျပ် ၂၇၀,၀၀၀ ကနေ ၃၄၅,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တအိတ်ကို ၁၀,၀၀၀ ကျပ်၊ နှမ်းဖြူ(ဂျပန်)က တအိတ်ကို ကျပ် ၃၅၅,၀၀၀ ကနေ ၃၆၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀,၀၀၀ ကျပ်၊ နှမ်းဖြူ(ရိုးရိုး)က တအိတ်ကိုကျပ် ၃၄၀,၀၀၀ ကနေ ၃၇၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၀,၀၀၀ ကျပ်၊ နှမ်းညိုက တအိတ်ကို ၂၉၀,၀၀၀ ကနေ ၂၉၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀,၀၀၀ ကျပ် အသီးသီး ဈေးကျသွားပါတယ်။

နှမ်းကိုတော့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတို့မှာ အဓိက စိုက်ပျိုးပြီး အခုထွက်တဲ့ နှမ်းတွေက မိုးနှမ်းတွေဖြစ်ပြီး ဆောင်းနှမ်းကိုတော့ အောက်တိုဘာနဲ့ နိုဝင်ဘာလတို့မှာ စိုက်ပျိုးကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013