DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကားနှင့် ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
September 7, 2023
တနင်္သာရီတွင် စစ်ကားနှင့် ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းပေါ်ရှိ အမှတ် ၃ဝ၆ တပ်ရင်းနဲ့ အမှတ် ၅၅၇ တပ်ရင်းကြားက ကော့မပြင်းကျေးရွာအနီးမှာ စစ်ကောင်စီ ကားတစီးနဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၆ ရက် မနက်‌ ၈ နာရီလောက်က မော်တုန်းရွာအခြေစိုက် ၃ဝ၆ တပ်ရင်းကနေ တနင်္သာရီမြို့ဘက် မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ ဗီဂိုကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားခဲ့ပြီး ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မိုင်းအဖွဲ့ကလည်း ၂ နေရာခွဲပြီး စောင့်နေကြတာ။ အရင်ဦးဆုံး ဆွဲခံရတဲ့နေရာနဲ့ နောက်ထပ်ဆွဲခံရတာက နည်းနည်းပဲကွာတယ်။ အလောင်းတွေ လမ်းပေါ်မှာ တွေ့ရတယ်” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကူတက်လာတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၂ ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၇ ဦးလောက် မိုင်းထိမှန်သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က အရာရှိ ၁ ဦး သေဆုံးခဲ့ပြီး အလောင်းကို မြိတ်မြို့ကိုသယ်ယူခဲ့ပြီးတော့ ကျန်အလောင်းတွေကို တနင်္သာရီမြို့ဆီ သယ်ဆောင်သွားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ စစ်ကောင်စီဘက်ကို မေးမြန်းနိုင်ခြင်း မရှိသလို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဆိုပါကျေးရွာအနီးမှာ ခရီးသွားကားတွေ ပိတ်မိနေခဲ့ပြီး ညနေ့ပိုင်းလောက်မှာ စစ်ကောင်စီရဲ့ ၅၅၇ တပ်ရင်းက‌နေ လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးကတော့ “ဖြစ်တဲ့နေရာတနေရာပဲ ပြည်သူတွေ သွားလာမရဲဘူးထင်တယ်။ ၅၅၇ တပ်ကတော့ ညနေတုန်းက လက်နက်ကြီးတွေ ပစ်သေးတယ်။ စစ်သားတွေတော့ ပြန်မတက်လိုက်ကြသေးဘူး။ ထပ်ဆွဲခံရမှာကြောင့်ထင်တယ်” လို့ ပြောပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုတွေကို အရိပ်ပြောက်ကျားအဖွဲ့ (ပုလောပကဖ)၊ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့နဲ့ တောပုန်းကြီး အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013