DVB Logo
Home
မြန်မာသတင်း
မင်းကင်းတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ဒေသခံ ၆ ဦးကို စစ်တပ်ဖမ်းဆီး
DVB
·
September 7, 2023
မင်းကင်းတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ဒေသခံ ၆ ဦးကို စစ်တပ်ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မောက္ကထော်ချောင်းရိုးဒေသကို စစ်ကောင်စီတ​ပ်သားတွေ စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲက တိုက်ခိုက်ခံခဲ့ရပြီးနောက် အင်ပင်လှရွာနဲ့ ယားရွာက အမျိုးသား ၆ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ Student's Revolutionary Force ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အနီးနားကျေးရွာတွေက ပျူစောထီးတွေ ပါဝင်တဲ့ အင်အား ၅၀ နီးပါးပါ စစ်ကောင်စီစစ်ကြောင်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF က တိုက်ခိုက်ခဲ့တယ်လို့ Students Revolutionary Force တပ်မှူး ဆရာစံက ပြောပါတယ်။

“သူတို့ကို ညနေ ၄ နာရီခွဲကနေ ၇ နာရီလောက်အထိ တိုက်ခိုက်ခဲ့တယ်။ ၃ နာရီနီးပါး ကြာပါတယ်။ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ တိုက်ပွဲ ပြင်းထန်ပါတယ်။ ဒီမနက် သိထားရသလောက် သူတို့ဘက်က ငါးယောက် ဒဏ်ရာရထားတယ်။”

မောက္ကထော်ချောင်းရိုးဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်မှုရှိခဲ့သလို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“အခုစစ်ကြောင်းက ဘယ်ရောက်နေလဲဆိုတာ ပျောက်နေတယ်။ ရွာသား ၆ ယောက်ကိုလည်း သူတို့စစ်ကြောင်းနဲ့တွေ့လို့ ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းသွားတယ် မသိရသေးဘူး။ ဒီနေ့ထိ မလွတ်လာသေးဘူး” လို့ ဆရာစံက ပြောပါတယ်။

မင်းကင်းမြို့ပေါ်က EPC ရုံးမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၅ ရက်ကလည်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဆရာစံက “သူတို့ဘက်ကလည်း ပြန်ခံပစ်တယ်။ တောင်ပေါ်ကနေလည်း ပစ်ပါတယ်။ တိုက်ပွဲ စချိန်မှာပဲ ပြန်ပစ်နိုင်ပါတယ်။ ကျနော်တို့ ဝင်ပစ်တဲ့အချိန်မှာ သူတို့က ပြန်ဆုတ်ပြေးတယ်။ ပြေးတဲ့အချိန်မှာ ခံပစ်တာက နောက်တရွာကျော်​က ပြန်ပစ်တာပါ” လို့ ပြောပါတယ်။

မင်းကင်းမြို့နယ် EPC ရုံးထဲက စစ်သားတွေဆီက ကာဘိုင် M2 ၁ လက်၊ 5.56 ကျည် ၃၂၆ တောင့်၊ .30 ကျည် ၃၃၉ တောင့်၊ MA ကျည်ဘောက် ၅ ခု၊ ဗုံးသီး ၁ လုံး၊ ငွေ ၆၅၄,၉၀၀ ကျပ်နဲ့ ဆိုင်ကယ် ၄ စီး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013