DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့တဝန်း တနှစ်ကို ပင်လယ်သဲ တန်ချိန် ၆ ဘီလီယံခန့် တူးနေဟု ကုလသမဂ္ဂပြော
DVB
·
September 6, 2023
ကမ္ဘာ့တဝန်း တနှစ်ကို ပင်လယ်သဲ တန်ချိန် ၆ ဘီလီယံခန့် တူးနေဟု ကုလသမဂ္ဂပြော
Donate to DVB

ကမ္ဘာတဝန်း ပင်လယ်သဲတွေ တူးဖော်တဲ့အလေ့အထ ပိုတိုးလာတာနဲ့အမျှ တနှစ်ကို ပင်လယ်သဲ တန်ချိန် ၆ ဘီလီယံလောက် တူးနေတယ်လို့ ကုလသမဂ္ဂက စက်တင်ဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။

ဒါဟာ ရေရှည်မတည်တံ့နိုင်ဘဲ ဒေသတွင်း ရေနေသတ္တဝါတွေရဲ့ဘဝကို နောက်ပြန်မဆုတ်နိုင်လောက်အောင် ပျက်စီးစေနိုင်တယ်လို့လည်း ပြောပါတယ်။

သဲဟာ ရေပြီးရင် ကမ္ဘာပေါ်မှာ အမြတ်အစွန်းအများဆုံး သဘာဝသယံဇာတ ဖြစ်ပေမဲ့ ဆောက်လုပ်ရေးလို လုပ်ငန်းတွေမှာ သုံးဖို့ ခပ်ဖြည်းဖြည်း ထုတ်ယူသုံးစွဲရင်း ပိုမိုရေရှည်တည်တံ့တဲ့ တူးဖော်မှုကို မြှင့်တင်ဖို့ ကုလသမဂ္ဂက မနှစ်က ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။

အဏ္ဏဝါခြေရာခံခြင်းနဲ့ ဉာဏ်ရည်တုကို သုံးပြီး သောင်တူးတဲ့လုပ်ငန်းတွေကို စောင့်ကြည့်တဲ့ ဆွစ်ဇာလန်အစိုးရရဲ့ ရန်ပုံငွေနဲ့ ပံ့ပိုးထားတဲ့ ‘ပင်လယ်သဲ စောင့်ကြည့်ရေး’ မူဝါဒလမ်းစဉ် အသစ်ကို စတင်လိုက်ချိန်နဲ့ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် (UNEP) က တွေ့ရှိချက်တို့ တိုက်ဆိုင်နေပါတယ်။

“သဘာဝပတ်ဝန်းကျင်ကနေ ကျနော်တို့ထုတ်ယူနေတဲ့ သဲပမာဏဟာ အတော်အတန်များပြီး သက်ရောက်မှုရှိပါတယ်” လို့ UNEP မှ ပါစကယ် ပယ်ဒူဇီက ဂျီနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ဧရာမ ဖုန်စုပ်စက်” လို့ ဖော်ပြထားတဲ့ သင်္ဘောတစင်းကို ရည်ညွှန်းရင်း ဒီသင်္ဘောတွေဟာ အခြေခံအားဖြင့် သဲတွေကို ထုတ်ယူပြီး ငါးတွေကို အစာကျွေးတဲ့ အဏုဇီဝပိုးမွှားတွေ အားလုံးကို ကြိတ်ချေပြီး ပင်လယ်ကြမ်းပြင်ကို ပိုးသတ်ပေးနေတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

တကမ္ဘာလုံးမှာ ထုတ်ယူနေတဲ့ သဲတန်ချိန် ၆ ဘီလီယံဟာ ကမ္ဘာ့မြစ်တွေက နှစ်စဉ်ပို့ချနေတဲ့ သဲပမာဏထက် လျော့နည်းနေပေမဲ့ တချို့နေရာတွေမှာတော့ တူးဖော်ဖယ်ရှားမှုက ပြန်လည် ဖြည့်တင်းမှုနှုန်းထက် ကျော်လွန်နေတယ်လို့ UNEP က ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013