DVB Logo
Home
မြန်မာသတင်း
“ယောစစ်ရှောင်ပညာရေး အားလုံးဝိုင်းလို့ ကူညီပေး” ကမ်ပိန်း ပြုလုပ်
DVB
·
September 5, 2023
“ယောစစ်ရှောင်ပညာရေး အားလုံးဝိုင်းလို့ ကူညီပေး” ကမ်ပိန်း ပြုလုပ်
Donate to DVB

မကွေးတိုင်း ယောဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် “ယောစစ်ရှောင် ပညာရေး အားလုံးဝိုင်းလို့ ကူညီပေး” ကမ်ပိန်းကို Save for Yaw အဖွဲ့နဲ့ ANTS အဖွဲ့တို့က ပြုလုပ်နေတယ်လို့ ဒေသခံ ပညာရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။

ယောဒေသမှာ ပါဝင်တဲ့ ဂန့်ဂေါမြို့နယ်၊ ဆောမြို့နယ် နဲ့ ထီးလင်းမြို့နယ်တို့ရဲ့ ကျေးလက်ဒေသတွေမှာ စစ်ကောင်စီရဲ့ ပညာရေးယန္တရား မလည်ပတ်နိုင်တော့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလပညာရေးသာ လည်ပတ်နေပြီး လိုအပ်ချက်များစွာ ရှိနေတာကြောင့် အခုကမ်ပိန်းကို ပြုလုပ်ရတယ်လို့ Save For Yaw အဖွဲ့က ပြောပါတယ်။

“ယောစစ်ရှောင်ကူညီရေး ပြည်သူအားလုံးဝိုင်းလို့ ကူညီပေး” ကမ်ပိန်းကို ကျပ်သိန်း ၅၀၀ သတ်မှတ်ထားကာ ရရှိတဲ့ငွေတွေကို ဒေသအတွင်းက ကြားကာလပညာသင်ကျောင်းတွေကို ထောက်ပံ့သွားမှာဖြစ်ပြီး ကမ်ပိန်းကာလကို ဩဂုတ် ၂၈ ကနေ စက်တင်ဘာ ၂၈ ရက်အထိ သတ်မှတ်ထားပါတယ်။

“အခုကာလက ပြည်သူတွေက စစ်ရေးကိုပဲ အလေးထားနေရတော့ ပညာရေးဘက်မှာ လစ်ဟာနေပြီလို့ ပြောလို့ရတယ်။ ဒီကလေးတွေသာ ပညာမသင်ရဘူးဆိုရင် အနာဂတ်အတွက် အရမ်းစိုးရိမ်စရာရှိတယ်။ ယောဒေသက စစ်ရှောင်ကလေးတွေက ကြားကာလပညာရေးကိုပဲ အဓိက အားကိုးနေကြရတယ်။ ကျောင်းတွေမှာကလည်း ဖတ်စာအုပ်ကစလို့ လိုအပ်ချက်တွေက အရမ်းများတယ်” လို့ Save For Yaw အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ယောဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလ ပညာသင်ကျောင်းပေါင်း ၂၅၀ ကျော်ဖွင့်လှစ်ထားပြီး ပညာရေးယန္တရား လည်ပတ်နေတာပါ။

စစ်ကောင်စီက ယောဒေသအတွင်းကို စာရေးကိရိယာနဲ့ ကျောင်းသုံးစာအုပ် သယ်ယူခွင့် ပိတ်ပင်ထားတဲ့အတွက် ပညာရေးမှာ အခက်အခဲများစွာရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013