တိုင်ဖွန်းမုန်တိုင်း ဟိုက်ကွေ့ဟာ ထိုင်ဝမ်ကျွန်းကို စက်တင်ဘာ ၃ ရက်မှာ ဝင်ရောက်တိုက်ခတ် လာတဲ့အတွက် ပြည်တွင်းလေကြောင်းခရီးစဉ်တွေနဲ့ ကူးတို့ဝန်ဆောင်မှုတွေကို ဖျက်သိမ်းခဲ့ပြီး လူပေါင်း ၃၀၀၀ နီးပါး ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
ဟိုက်ကွေ့ မုန်တိုင်းဟာ တနင်္ဂနွေနေ့ မွန်းလွဲနှောင်းပိုင်းမှာ ထိုင်ဝမ်ရဲ့ အရှေ့တောင်ဘက် တောင်ထူ ထပ်ပြီး လူဦးရေကျဲပါးတဲ့နေရာကနေ ကုန်းတွင်းပိုင်းဆီ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းရ ပါတယ်။
အရှေ့ဘက်နဲ့တောင်ဘက်က ခရိုင်တွေနဲ့ မြို့ကြီးတွေရှိ စာသင်ကျောင်းတွေမှာ အတန်းတွေကို ဖျက်သိမ်းပြီး အလုပ်သမားတွေအတွက် လည်း အလုပ် တရက်ပိတ်ကြောင်း ကြေညာခဲ့ပါတယ်။
ထိုင်ဝမ်အစိုးရဟာ ကျွန်းရဲ့ တောင်ဘက်နဲ့ အရှေ့ဘက်က အများစုဖြစ်တဲ့ လူပေါင်း ၂၈၆၈ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားခဲ့ပြီးပါပြီ။
ရေဘေး ကယ်ဆယ်ရေးနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တပ်မတော်က တပ်ဖွဲ့ဝင်တွေနဲ့ စက်ပစ္စည်း ကိရိယာတွေကို ဖြန့်ကြက် ထားခဲ့ပါတယ်။
ထိုင်ဝမ်တောင်ပိုင်းကိုဖြတ်ပြီး တိုက်ခတ်ခဲ့တဲ့ ဟိုက်ကွေ့မုန်တိုင်းဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီး တရုတ်နိုင်ငံထဲကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
Source/Photo-Reuters