တရုတ်နဲ့ အင်ဒိုနီးရှား ရေတပ်တွေဟာ ဩဂုတ် ၁၂ ရက်မှာ တရုတ်နိုင်ငံ ထိုင်ဝမ်ကျွန်းအရှေ့ဘက်က ရေပြင်မှာ ရေတပ် ရေကြောင်းသွားလာရေး လေ့ကျင့်ခန်းကို အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့တယ်လို့ တရုတ်စစ်ဘက်အာဏာပိုင်တွေက ပြောပါတယ်။
လေ့ကျင့်ခန်းမှာ တရုတ်ရေတပ်သင်္ဘော ဟုန်ဟော်နဲ့ အင်ဒိုနီးရှားရေတပ် ဖရီးဂိတ် KRI I ဂုစတီ ငုရာရိုင်တို့ ပါတယ်လို့ စစ်ဘက်ဆိုင်ရာ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လေ့ကျင့်ခန်းအတွင်း စစ်သင်္ဘော ၂ စင်းဟာ ရေတပ် တပ်ဖွဲ့တခု ဖွဲ့စည်းပြီး ရေကြောင်းဆက်သွယ်ရေး၊ တပ်ဖွဲ့လှုပ်ရှားမှုတွေနဲ့ ထောက်ပံ့ရေးပြန်ပေးတဲ့ လုပ်ငန်းတွေ အပါအဝင် လက်တွေ့လေ့ကျင့်ခန်းတွေကို လေ့ကျင့်ခဲ့ပါတယ်။
တရုတ်ရေတပ်သင်္ဘော ဟုန်ဟော်ပေါ်က သင်္ဘောသား ကောင်းယုံကြယ်က “နိုင်ငံခြားရေတပ် တပ်ဖွဲ့တွေနဲ့ ပူးတွဲလေ့ကျင့်ခန်းအတွင်း ဆက်သွယ်ရေး အတိုကောက်ကုဒ်တွေနဲ့ အလံအချက်ပြမှု အားလုံးဟာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီဖြစ်ပြီး နိုင်ငံခြားရေတပ်သင်္ဘောတွေနဲ့ ရေကြောင်းဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ဖလှယ်မှုအတွက် ကျနော်တို့သင်္ဘောရဲ့ စွမ်းရည်ကို ထိထိရောက်ရောက် စမ်းသပ်ခဲ့တယ်” လို့ ပြောပါတယ်။
ကြိုတင်စီစဉ်ထားတဲ့ လေ့ကျင့်ခန်းအစီအစဉ်တခုအပြီးမှာ သင်္ဘော ၂ စင်းဟာ ပြောင်းလွယ်ပြင်လွယ် လှုပ်ရှားခဲ့ပြီး အနီးကပ် ညှိနှိုင်းဆောင်ရွက်ခဲ့တယ်၊ စီစဉ်ထားတဲ့ ရည်မှန်းချက်အားလုံး အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပူးတွဲလေ့ကျင့်ခန်းဟာ နှစ်နိုင်ငံ ရေတပ်တွေ လက်တွေ့ပူးပေါင်းဆောင်ရွက်ဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပူးတွဲပါဝင်ဆောင်ရွက်ဖို့ ဆန္ဒနဲ့ စွမ်းရည်ကို ပြသခဲ့တယ်လို့လည်း ထပ်လောင်းပြောခဲ့ပါတယ်။
Source: Reuters











