
တိုက်စစ်မှူးဟယ်ရီကိန်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီပြောင်းရွှေ့ကစားခဲ့တာဟာ အင်္ဂလန်လက်ရွေးစင်အတွက် အကျိုးရှိကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။
အသက် ၃၀ နှစ်ရှိ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်ဆီပြောင်းရွှေခဲ့တာပါ။
အင်္ဂလန်လက်ရွေးစင်အသင်းအတွက် တကိုယ်ကောင်းဆန်ဆန်ကြည့်ရမယ်ဆိုရင် အကျိုးရှိပြီး မတူညီတဲ့လိဂ်တွေမှာ ဘယ်လိုကစားရမလဲဆိုတဲ့အသိအမြင်မျိုးတွေရှိလာနိုင်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။
ဟယ်ရီကိန်းဟာ အင်္ဂလန်အတွက် စုစုပေါင်း ၈၄ ပွဲ ကစားအပြီးမှာ ၅၈ ဂိုးသွင်းယူထားပြီး နိုင်ငံအသင်းအတွက် ဂိုးအများဆုံးစံချိန်တင်ထားတာဖြစ်ပါတယ်။ ကိန်းဟာ ဘိုင်ယန်နဲ့ လိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၃ ဂိုးသွင်း၊ တစ်ကြိမ်ဂိုးဖန်တီးမှုပြုလုပ်ထား ပါတယ်။
Photo-Reuters










