
မြောက်ကိုရီးယားဟာ တာဝေးပစ် ခရုဇ်ဒုံးကျည်နှစ်စင်းပါတဲ့ ဗျူဟာမြောက် နျူကလီးယား တိုက်ခိုက်မှု ပုံစံတူ စစ်ရေးလေ့ကျင့်မှု တရပ်ကို လေ့ကျင့်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက စက်တင်ဘာ ၃ ရက်မှာ ကြေညာခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ သင်္ဘောတည်ဆောက်မှုနဲ့ ခဲယမ်းမီးကျောက်စက်ရုံ တွေကို စစ်ဆေးနေချိန် မှာ ခုလိုလေ့ကျင့်ခဲ့တာပါ။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို စစ်ရေးအရ တားဆီးမှု အားကောင်းလာစေရမယ်လို့ ထပ်ကတိ ပြုထားတဲ့ မြောက်ကိုရီးယားအစိုးရဟာ နျူကလီးယားစစ်ပွဲကို ပြင်ဆင်သွားမှာဖြစ်လို့ ရန်သူတွေကို သတိပေးဖို့ စနေနေ့ အစောပိုင်းက လေ့ကျင့်ခဲ့တာလို့ မြောက်ကိုရီးယား အစိုးရပိုင် ရုပ်မြင်သံကြား KRT က ပြောခဲ့ပါတယ်။
နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်သယ်ဆောင်နိုင်တဲ့ ခရုဇ်ဒုံးကျည်နှစ်စင်းကို ကိုရီးယားကျွန်းဆွယ် အနောက်ဘက်က ပင်လယ်ထဲကို ပစ်ခတ်ခဲ့ပြီး အမြင့်ပေ ၁၅၀ မီတာကနေ မိုင်ပေါင်း ၉၃၀ အထိ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။
သီးခြား အစီရင်ခံစာ တခုမှာ KCNA သတင်းဌာနက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
ရေတပ်ဆိုင်ရာ အင်ဂျင်စက်တွေကို ထုတ်လုပ်ရာ အကြီးစား လက်နက်ခဲယမ်း စက်ရုံဖြစ်တဲ့ ပွတ်ဂျုံ စက်ရုံကို ကင်မ်က သွားရောက်လည်ပတ်ရင်း မြောက်ကိုရီ့းယား ရေတပ် အားကောင်းဖို့ အရေးကြီး တယ်လို့ အသားပေး ပြောဆိုခဲ့တဲ့အကြောင်း KCNA သတင်းဌာနက ပြောပါတယ်။
Source/Photo-Reuters











