
အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်မှူးသစ် ဟွိုက်လန်းအနေနဲ့ ပွဲထွက်ကစားဖို့အဆင်သင့်ရှိကြောင်း မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟတ်ဂ်က ပြောသွားပါတယ်။
အသက် ၂၀ အရွယ်ရှိ ဒိန်းမတ်တိုက်စစ်မှူးဟာ အီတလီကလပ် အက်တလန်တာကနေ ပေါင် ၇၂ သန်းနဲ့ အခုနှစ်ရာသီမှာ ပြောင်းရွှေ့လာသူပါ။
ဒါပေမဲ့ ဒဏ်ရာပြဿနာရှိခဲ့လို့ အသင်းရဲ့ အဖွင့်ပွဲစဉ်သုံးပွဲကိုလွဲချော်ခဲ့ပြီး အခုတစ်ပတ်မှာမှ အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်နိုင်ခဲ့တာပါ။
ဟွိုက်လန်းဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကစားပြနိုင်ခဲ့ပြီး အခုသီတင်းပတ်မှာကန်မယ့် အာဆင်နယ်နဲ့ပွဲ လူစာရင်းမှာပါဝင်နိုင်သလို ပွဲထွက်ကစားဖို့လည်း အဆင်သင့်ရှိကြောင်း နည်းပြတန်ဟတ်ဂ်က အတည်ပြုခဲ့တာပါ။
ကိုပေဟေဂင်အသင်း အကယ်ဒမီထွက်တိုက်စစ်မှူးဟာ ၂၀၂၂ ခုနှစ်မှာ ဩစတြီးယားကလပ် စတမ်းဂရက်ဇ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ အီတလီကလပ် အက်တလန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း ၃၄ ပွဲမှာ ၁၀ ဂိုးသွင်းယူပေးထားပါတယ်။
Photo-Reuters











