DVB Logo
Home
အားကစား
UEFA တနှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို ဟာလန်း ရရှိ
DVB
·
September 1, 2023
UEFA တနှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို ဟာလန်း ရရှိ
Donate to DVB

အင်္ဂလန် ထိပ်သီးကလပ် မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်းဟာလန်းဟာ ၂၀၂၂-၂၃ ဘောလုံးရာသီအတွက် ဥရောပ တနှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆု (UEFA Men`s Player Of The Year) ကို ရရှိခဲ့ပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီးအတွက် ပြိုင်ပွဲစုံ ၅၃ ပွဲကစားကာ ၅၂ ဂိုး သွင်းယူခဲ့သလို ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ဥရောပစူပါဖလားကို ရရှိခဲ့တဲ့အတွက် လီယွန်နယ်မက်ဆီနဲ့ ကယ်ဗင်ဒီဘရိုင်းတို့ကို ကျော်ဖြတ်ပြီး အခုဆုကို ရရှိခဲ့တာပါ။

ဟာလန်းက ဆုပေးပွဲစင်မြင့်ထက်မှာ “ဥရောပ​အကောင်းဆုကို ရရှိခဲ့လို့ ဂုဏ်ယူမိပါတယ်။ ဒီဆုကို ဆွတ်ခူးနိုင်တဲ့သူတွေ ဥရောပမှာ အများကြီးရှိတဲ့ကြားက ကျနော့်ကို မဲပေးရွေးချယ်ခဲ့တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့်ရဲ့ အသင်းဖော်တွေ၊ နည်းပြတွေနဲ့ ကလပ်မှာရှိတဲ့ ဝန်ထမ်းအားလုံးရဲ့ ပံ့ပိုးမှု မပါဝင်ဘဲ ဒီဆုကိုရဖို့ မဖြစ်နိုင်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

တခြားဆုတွေဖြစ်တဲ့ UEFA တနှစ်တာအကောင်းဆုံးနည်းပြဆုကို မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဆွတ်ခူးခဲ့ပြီး UEFA က ဂုဏ်ပြုချီးမြင့်တဲ့ UEFA President's Award ကို ဂျာမနီဂန္ထဝင်တိုက်စစ်မှူး ကလိုဆေးက ရရှိခဲ့ပါတယ်။

UEFA တနှစ်တာ အကောင်းဆုံးအမျိုးသမီးဆုကို ဘာစီလိုနာအသင်းနဲ့ လာလီဂါ၊ ချန်ပီယံလိဂ်တို့ကို ဆွတ်ခူးခဲ့သလို စပိန်အသင်းနဲ့လည်း ကမ္ဘာ့ဖလားရရှိခဲ့တဲ့ ကွင်းလယ်ကစားသမား အီတန်ဘွန်မ်တီက ရရှိခဲ့သလို အင်္ဂလန်အမျိုးသမီးအသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်ရောက်အောင် ကူညီပေးနိုင်တဲ့ နည်းပြ ဆရီနာဝီးမန်ကလည်း တနှစ်တာ အကောင်းဆုံးအမျိုးသမီးနည်းပြဆုကို ဆွတ်ခူးခဲ့ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013