DVB Logo
Home
မြန်မာသတင်း
ညောင်ရွှေတွင် ကလေး ၂ ဦး အပါအဝင် မိသားစုဝင် ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
August 31, 2023
ညောင်ရွှေတွင် ကလေး ၂ ဦး အပါအဝင် မိသားစုဝင် ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သပြေပင်သစ်အမှတ် ၃ ကျေးရွာမှာ နေထိုင်တဲ့ ကိုအောင်မျိုးဝင်း၊ ဇနီးသည် မမြအေးနဲ့ သားသမီး ၂ ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်က သြဂုတ် ၂၈ ရက် ည ၈ နာရီဝန်းကျင်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီလို ဖမ်းဆီးခေါ်ဆောင်ခံရတဲ့အချိန်ကတည်းက ဒီနေ့ချိန်ထိ ကိုအောင်မျိုးဝင်းနဲ့ မမြအေးတို့ ၂ ယောက်ဟာ ဆွေမျိုးတွေနဲ့ တွေ့ခွင့်မရဖြစ်နေပြီး အဆက်အသွယ် ဖြတ်တောက်ခံထားရကာ သူတို့ရဲ့ သားသမီး ၂ ဦးကိုတော့ ညောင်ရွှေရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“၂၈ ရက်နေ့ညက ကိုအောင်မျိုးဝင်းတို့ မိသားစု ၄ ယောက်လုံးကို စစ်တပ်က အင်အား ၁၀ ယောက်ကျော်နဲ့ လာဖမ်းသွားတယ်။ ဖမ်းခံရတဲ့ မိသားစုက နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့သူတွေလည်း မဟုတ်ဘူး။ စိုက်ပျိုးရေးပဲလုပ်တဲ့သူဖြစ်တယ်။ ဖမ်းခံရပြီးနောက်နေ့ ဆွေမျိုးတွေက ညောင်ရွှေရဲစခန်းကို လိုက်သွားတွေ့တော့ မိဘဖြစ်သူတွေနဲ့ တွေ့ခွင့်မရဘူး။ ကလေး ၂ ဦးနဲ့တွေ့ခဲ့ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံထားတဲ့ မိသားစုထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၁ ယောက် ပါဝင်နေပြီး သူတို့ကို ဘာကြောင့် ထိန်းသိမ်းထားတယ်ဆိုတာလည်း ညောင်ရွှေရဲစခန်းက မပြောဘူးလို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ဖမ်းခံထားရတဲ့အထဲက သမီးက ၁၈ နှစ်၊ သားက ၁၅ နှစ်ပဲရှိသေးတယ်။ သူတို့ကို ညောင်ရွှေရဲစခန်းက ထိန်းသိမ်းထားတယ်။ မိဘဖြစ်သူ ၂ ဦးက‌တော့ သတင်းအစအန ပျောက်နေတယ်။ ဘယ်မှာထိန်းထားတယ်ဆိုတာ မသိရသလို ဘာပြစ်မှုတွေကြောင့် ဖမ်းထားတယ်ဆိုတာကို ရဲစခန်းကမပြောဘူး” လို့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ခွဲကျော်ကာလအတွင်း ညောင်ရွှေမြို့နယ်မှာ နိုင်ငံရေးကြောင့် ဖမ်းဆီးခံရသူ အယောက် ၂၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

အဲ့ဒီထဲမှာ ရဟန်း၊ CDM ဝန်ထမ်း၊ NLD ပါတီဝင်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးနဲ့ လူငယ်တွေ ပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း (အေအေပီပီ) ရဲ့ သြဂုတ် ၃၀ ရက်ထိ ကောက်ခံထားတဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၁၇ ဦး၊ ဖမ်းဆီးခံရသူပေါင်း ၂၄,၅၃၂ ဦး ရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013